photo credit - Liquipedia

လက်ရှိ Navi အသင်းရဲ့ carry player Crystallize ရဲ့နာမည်အရင်းကတော့ကတော့ Vladislav Krystanek ပဲဖြစ်ပါတယ်။

Ukarine နိုင်ငံသားတစ်ဦးဖြစ်တဲ့ Crystallize ကိုတော့ 1999 ခုနှစ် 8 လပိုင်း 8 ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်တာကြောင့် အခုဆိုရင် အသက် 20 အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ dota 2 pro scene ပေါ်ရောက်လာတာကတော့ 2016 ခုနှစ်လောက်ကဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့ team ကတော့ Chew Toy ပဲဖြစ်ပါတယ်။

၎င်း team မှာတော့ Crystallize ဟာ 2017 ခုနှစ် 2 လပိုင်းအထိကစားခဲ့ပြီး Double Dimension ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းteam မှာလည်း Crystallize ဟာ 2 လဝန်းကျင်လောက်သာကစားခဲ့ပြီး 2017 ခုနှစ် 9 လပိုင်း 4 ရက်နေ့မှာတော့ Legendary team တစ်ခုဖြစ်တဲ့ Natus Vincere ကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့ထက်ထိ Navi မှာကစားနေဆဲပဲဖြစ်ပါတယ်။

Navi အသင်းကိုရောက်လာတဲ့အချိန်မှာဆိုရင်လည်း Crystallize ဟာအကောင်းဆုံး performance တွေကိုပြသနိုင်ခဲ့သလို လက်ရှိအချိန်ထိလည်း ပိုမိုကောင်းမွန်းတဲ့ performance တွေပြသနိုင်ဖို့ ကြိုးစားနေတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း Crystallize ဟာ CIS region ရဲ့ Rank 1 ထိကိုရောက်ရှိထားပြီး ၎င်း region မှာ MMR အများဆုံး player တစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။