ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင်ဇွဲနိုင်ဝင်းပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ဇွဲနိုင်ဝင်းကတော့ လတ်တလောမှာ ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးနေပေမယ့် ဂီတပိုင်းမှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ဖျော်ဖြေနေပါတယ်နော်..။


Photo Credit - Zwe Naing Win’s Facebook
Photo Credit - Zwe Naing Win’s Facebook

အခုတစ်ခါမှာလည်း ဇော်ပိုင် Rဇာနည် ထူးအယ်လင်း Corba တို့နဲ့အတူ သီချင်းအခွေလေးထွက်ရှိဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပြုလုပ်နေပြီး ပရိသတ်တွေလက်ထဲကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်တွေကိုယ်တိုင် စိတ်တူကိုယ်တူနဲ့ ကြိုးစားထားကြတဲ့ “သီချင်းဒိုင်ယာရီ” ဆိုတဲ့ အခွေလေးထဲမှာတော့ ဇွဲနိုင်ဝင်းက သီချင်းအဟောင်းနှစ်ပုဒ်ဖြစ်တဲ့ တေးရေး မင်းချစ်သူရဲ့ “ရည်းစားဦးဇာတ်လမ်း” သီချင်းလေးနဲ့ ကိုထူးရေးတဲ့ “သီချင်းလေးအတိုင်း” ဆိုတဲ့ သီချင်းတွေ သီဆိုထားပါတယ်နော်..။


Photo Credit - Zwe Naing Win’s Facebook
Photo Credit - Zwe Naing Win’s Facebook
Photo Credit - Zwe Naing Win’s Facebook

ဇွဲနိုင်ဝင်းကတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို ပရိသတ်တွေရှိတဲ့ ဘယ်နေရာကိုမဆို သီချင်းသွားဆိုတယ် ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဇွဲနိုင်ဝင်းကတော့ သူ့အနေနဲ့ လုပ်တတ်တဲ့အရာတွေကို လုပ်ခွင့်ရနေတုန်းအချိန်မှာ အကောင်းဆုံးကြိုးစားသွားမှာဆိုပြီး ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Zwe Naing Win’s Facebook
Photo Credit - Zwe Naing Win’s Facebook
Photo Credit - Zwe Naing Win’s Facebook

Photo Credit - Zwe Naing Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။