သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ပရိသတ်တွေအားလုံးရဲ့ အထူးတလည်စိတ်ဝင်စားမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်လို့တောင် ဆိုနိုင်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့သင်ဇာက ပရိသတ်တွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ဖမ်းစားလေ့ရှိတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သင်ဇာ့ကို ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ စိတ်ဝင်တစားစောင့်ကြည့်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace

သင်ဇာဝင့်ကျော်က '' မြမြ'' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေရသလို ကြော်ငြာတွေလည်းလက်ခံရိုက်ကူးနေရပါတယ်။ လက်ရှိမှာတော့ သင်ဇာက ငွေဆောင်ကမ်းခြေကို ရောက်ရှိနေပြီး အပန်းဖြေအနားယူနေတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက ပင်လယ်ရေအောက်မှာ စိတ်ကြိုက်ကူးခတ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

Photo Credit- Thinzar Wint Kyaw's FB
Photo Credit- Thinzar Wint Kyaw's FB
Photo Credit- Thinzar Wint Kyaw's FB

သင်ဇာဝင့်ကျော်က ရေသူမလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးကူးခတ်နေတာလေးကလည်း ဆွဲဆောင်မှုအပြည့်ရှိနေတာ ဖြစ်ပါတယ်။ ကိုယ်လုံးအလှတွေပေါ်လွင်နေတဲ့ သင်ဇာရဲ့ပုံရိပ်လေးတွေကတော့ လုံးဝအလန်းစားဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရေကူးနေတဲ့ မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Thinzar Wint Kyaw's FB & Amazing Grace 

Photo Credit- Thinzar Wint Kyaw's FB
Photo Credit- Thinzar Wint Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။