သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ ခန့်စည်သူက ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ခန့်စည်သူကဇာတ်ကားတွေရိုက်ကူးသလို မခိုင်လေး၊ မခိုင်ကြီးတို့နဲ့အတူ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပါတယ်။

Photo Credit - Kyaw Soe Win's FB
Photo Credit - Kyaw Soe Win's FB
Photo Credit - Kyaw Soe Win's FB

ခန့်စည်သူက ဇာတ်ကားနဲ့ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးရင်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အခုချိန်အထိ အိမ်ထောင်မပြုသေးဘဲ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ခန့်စည်သူကိုတော့ ပရိသတ်တွေက လူပျိုကြီးလို့ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ အခုတော့ လူပျိုကြီးခန့်စည်သူက ပရိသတ်တွေကို အံ့အားသင့်သွားစေမယ့် ပုံလေးတွေကို ထုတ်ပြလိုက်ပါတယ်။

Photo Credit - Kyaw Soe Win's FB
Photo Credit - Kyaw Soe Win's FB

ခန့်စည်သူက အမျိုးသမီးလေးတစ်ယောက်နဲ့ မင်္ဂလာစုံတွဲပုံစံမျိုးရိုက်ကူးထားတဲ့ ပုံလေးတွေကို '' Today That's The Way '' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ခန့်စည်သူက မင်္ဂလာဝတ်စုံနဲ့မိန်းကလေးရဲ့မျက်နှာကိုဖုံးကွယ်ထားတာကြောင့် ဘယ်သူမှန်းမသိရသလို ရိုက်ကွင်းပုံရိပ်တွေဆိုပြီး တစ်ချို့ကလည်း ထင်မြင်ချက်ပေးနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခန့်စည်သူရဲ့ပုံလေးတွေကိုကြည့်ပြီး မှတ်ချက်ပေးသွားကြပါဦးနော်။

Photo Credit - Kyaw Soe Win's FB

Photo Credit - Kyaw Soe Win's FB
Photo Credit - Kyaw Soe Win's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။