ဖရဲသီးခိုးစားသည်ဟုဆိုကာသုံးနှစ်အရွယ် ကလေးငယ်၏ ဝမ်းဗိုက်ကိုဓားဖြင့် မွှန်းပြီးလည်ပင်းညစ်သတ်ကာ အလောင်းဖျောက်ရန် ကြံစည်ခဲ့သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးကို သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ၌ ယနေ့(မတ် ၆ ရက်) နံနက် ၁ နာရီကဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကြည်လွင်ကပြောကြားသည်။မတ် ၅ ရက် နံနက် ၁၀ နာရီခွဲက ၎င်း၏ သူငယ်ချင်းထံ သွားရောက်ကစားစဉ် ယင်းအိမ်မှဖရဲသီးကိုယူစားခဲ့သောကြောင့် ကစားဖော်၏ အမေဒေါ်စန္ဒာဝင်းက ဝမ်းဗိုက်ကိုဓားဖြင့်မွှန်းပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်းရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်များအရသိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ခုနှစ်မတ် ၅ရက်နေ့ကသန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနေမသီရီကျော်(၂၁နှစ်)သည်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေစဉ် ၄င်း၏သမီးဖြစ်သူ မ….(၃နှစ်)မှာပျောက်ဆုံးနေသဖြင့် နေအိမ်သို့ပြန်လာရှာဖွေစဉ် မိသားစုအားမေးမြန်းခဲ့သော် ပျောက်ဆုံးနေသော ကလေးမှာ တစ်ရွာတည်းနေ မစန္ဒာဝင်း၏သမီးနှင့် ကစားနေကြောင်း၊ ကစားနေစဉ်ပျောက်ဆုံးနေသောကလေးမှာ ဖရဲသီးခိုးစားခဲ့သဖြင့် မစန္ဒာဝင်း၏ သမီးဖြစ်သူက ပျောက်ဆုံး ကလေးငယ်အဘွားကိုတိုင်တန်ခဲ့သဖြင့်အဘွားဖြစ်သူမှ လျှော်ပေးမည်ဟုပြောဆိုခဲ့သည်။ ထို့နောက်ပျောက်ဆုံးကလေးငယ်၏မိခင်ဖြစ်သူက မစန္ဒာဝင်းအိမ်ထံသွားရောက်မေးမြန်းရာ နေအိမ်သို့လာရာက်ခြင်းမရှိဟု ပြန်လည်ဖြေကြားခဲ့သည်။

ပျောက်ဆုံးကလေးငယ်မိခင်ကမသင်္ကာသဖြင့်စောင့်ကြည့်ခဲ့ကြောင်း၊စောင့်ကြည့်ရာတွင်အဆိုပါညသန်းခေါင်ယံလျှပ်စစ်မီးပျက်ချိန်တွင် မစန္ဒာဝင်းက အထုတ်တစ်ထုတ်ကိုမချီကာအိမ်ထဲမှ ထွက်ခဲ့ချိန်လမ်းမပေါ်အရောက်လျှပ်စစ်မီးပြန်လာသဖြင့် အနီးအနားရှိလူများနှင့်အတူ အဆိုပါအထုတ်ကို ၀ိုင်းဝန်း စစ်ဆေးဖြေကြည့်ရာပီနန်အိတ်ထဲတွင်သုံးနှစ်အရွယ် ကလေးငယ်၏ ဝမ်းဗိုက်ကိုဓားဖြင့် မွှန်းပြီးလည်ပင်းညစ်သတ်ထားသည့်သေဆုံးနေသည့်ပျောက်ဆုံးကလေးငယ်ကိုတွေ့ရှိခဲ့သည်။ အဆိုပါပြစ်မှုကျူးလွန်သူကိုသန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းတောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

Source: The Voice

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။