တောင့်တင်းလှတဲ့ဘော်ဒီကြွက်သားအလှတွေကြောင့် နှုတ်ခမ်းနီမလေးတွေကြွေနေရတာကတော့ မော်ဒယ်ပိုင်တံခွန်ပါ။ သူ့ရဲ့ပုံရိပ်လေးတွေတိုင်းဟာလည်း ကြွေချင်စရာကောင်းလောက်အောင်ကို မိုက်လွန်းနေရတာပါ။ လတ်တလောမှာလည်း ခရီးတွေဆက်တိုက်ထွက်နေရတာပါ။

Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography

ပိုင်တံခွန်ဟာ မြန်မာမလေးတွေကြွေနေရုံသာမက ထိုင်းမလေးတွေကပါ အားပေးကြမ်းကြတာပါ။ ပိုင်တံခွန်ဟာ တိရိစ္ဆာန်လေးတွေလည်း ချစ်ခင်ကြင်နာတတ်သူတစ်ယောက်ပါ။ သူ့ရဲ့အားလပ်ချိန်တိုင်းကိုလည်း ကြောင်လေးတွေနဲ့အတူ ကုန်ဆုံးလေ့ရှိတာပါ။

Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography
Photo Credit- Htet Paing Ye Photography

အခုမှာလည်း သူ့ရဲ့ဘဝလေးကို ခွေးလေးတစ်ကောင် ဝင်ရောက်လာတာပါ။ တံခွန်ဟာ ဒီခွေးလေးကို မနေ့ကဝယ်ယူခဲ့တာပါ။ ဒီခွေးလေးဝယ်လို့ဆိုပြီး သူ့အိမ်ကကြောင်လေးကစိတ်ကောက်နေတဲ့ဗီဒီယိုလေးလည်း လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Paing Takhon’s Facebook

Photo Credit- Paing Takhon’s Facebook and Htet Paing Ye Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။