အဆိုတော်အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ သိုက်သိုက်ဝန်းဝန်းနဲ့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အာဘွိုင်းတို့မိသားစုလေးကိုတော့ ပရိသတ်တွေကပါ အားကျနေရတာပဲ ဖြစ်ပါတယ်။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးလေးကတော့ ဖေဖေနဲ့မေမေရဲ့အချောအလှတွေကို စုပြီးရထားတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။

Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB

အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးချောလေးကိုတော့ ဖေဖေအာဘွိုင်းက Scarlett Phyo Tun လို့အမည်ပေးထားတာ ဖြစ်ပါတယ်။ အခုဆိုရင် Scarlett လေးက အသက်တစ်နှစ်ကျော်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပြီးအသည်းယားစရာကောင်းလာတဲ့ Scarlett လေးက အခုလည်း ချစ်စရာပို့စ်လေးတွေလုပ်ပြထားပါသေးတယ်။

Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB

Scarlett လေးက ကမ်းခြေမှာမျက်မှန်လေးတစ်လက်တပ်ပြီး အိုက်တင်မျိုးစုံနဲ့ ပို့စ်ပေးနေတာပဲ ဖြစ်ပါတယ်။ နေပူဆာလှုံနေတဲ့ Scarlett လေးရဲ့အမူအရာလေးတွေကတော့ အရမ်းကိုချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းနဲ့မြတ်ရတနာကျော်ရဲ့သမီးလေး Scarlett ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Myat Yadanar Kyaw's FB

Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB
Photo Credit- Myat Yadanar Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။