ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးနန်းဆုရတီစိုးကတော့ တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ တွေ့မြင်ခဲရသူတစ်ဦးဖြစ်ပါတယ်။အရုပ်မလေးလိုအရမ်းချစ်ဖို့ကောင်းတဲ့ နန်းဆုကို ပရိသတ်တွေကသတိထားမိလာပြီး တစိုက်မက်မက်အားပေးချစ်ခင်လာကြတာ အခုချိန်ထိပါပဲနော်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

ပရိသတ်တွေကတော့ နန်းဆုရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်အားပေးကြသလို သူမရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။နန်းဆုတို့ရဲ့အချစ်ရေးလေးကို ပရိသတ်တွေက အရင်ပုံစံအတိုင်းလေးပဲပြန်မြင်ချင်နေကြတာပါနော်။အခုလက်တလောမှာတော့ နန်းဆုက အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပါတယ်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

မကြာသေးခင်ရက်ပိုင်းမှာ နန်းဆုက ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်မှာ ပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။အခုဆိုရင်တော့ စိတ်‌အေးချမ်းသာစွာနဲ့‌ နေထိုင်နေတဲ့နန်းဆုရတီစိုးက"အတ္တတွေ မာနတွေ အောင်မြင်မှု တွေရဲ့ အဝေးတစ်ဘက်ကို ခဏထွက်ကြည့်ပါ ကိုယ့်ရဲ့ပကတိအမှန်ကို ပြန်မြင်ရလိမ့်မယ်"ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ မျှဝေလာပါတယ်နော်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

Photo Credit:Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။