ထင်သစ္စာလေးကတော့ နာမည်လေးကလှသလို ရုပ်ရည်လေးကလည်း တကယ့်ကိုချောမောလှပလွန်းသူလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးခင်ဇာခြည်ကျော်ရဲ့ သမီးချောလေးဖြစ်တဲ့ ထင်သစ္စာလေးက အခုုဆိုရင် ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာပြီ ဖြစ်ပါတယ်။ ထင်သစ္စာလေးက ကြော်ငြာလေး၊ မဂ္ဂဇင်းမျက်နှာဖုံးတွေနဲ့ Photo Shooting တွေရိုက်ကူးရင်း အနုပညာလောကကို စတင်အခြေချနေတာ ဖြစ်ပါတယ်။

Photo Credit - Htin Thit Sar's FB
Photo Credit - Htin Thit Sar's FB
Photo Credit - Htin Thit Sar's FB

ချစ်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားတဲ့ ထင်သစ္စာလေးကိုတော့ အားလုံးကလည်း အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ မေမေခင်ဇာခြည်ကျော်ကလည်း တစ်နေ့တစ်ခြားအရွယ်ရောက်လာကာ ပိုပြီးလှသွေးကြွယ်လာတဲ့ သမီးချောလေးကို အမြဲပွဲထုတ်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ထင်သစ္စာလေးက မေမေပြင်ဆင်ပေးတဲ့ အလှအပတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေပြန်ပါတယ်။

Photo Credit - Htin Thit Sar's FB
Photo Credit - Htin Thit Sar's FB
Photo Credit - Htin Thit Sar's FB

ထင်သစ္စာက '' မရဘူးကွာထင့်တစ်ယောက်ထဲကိုပဲချစ်ရမယ် Makeup- May May ဇာ '' ဆိုပြီး နေရောင်အောက်မှာလှနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ထင်သစ္စာလေးကတော့ ဆံနွယ်ရှည်လေးနဲ့အရမ်းကြည့်ကောင်းပြီး အလှတွေပိုနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်ရဲ့သမီးချောလေး ထင်သစ္စာရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Htin Thit Sar's FB

Photo Credit - Htin Thit Sar's FB
Photo Credit - Htin Thit Sar's FB
Photo Credit - Htin Thit Sar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။