ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး လွင်မိုးပါ။ သူဟာ အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာပါ။ အနုပညာအလုပ်တွေမလုပ်တော့သော်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင် ချစ်ခင်အားပေးနေကြဆဲပါ။

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

သူ့ရဲ့သမီးလေးတွေဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့ယွန်းနဒီလွင်မိုးဟာလည်း မိဘစကားကိုနားထောင်လွန်းတဲ့ သမီးအလိမ္မာလေးတွေပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့မိသားစုလေးကို အားကျချစ်ခင်နေတာပါ။ အခုမှာလည်း လွင်မိုးရဲ့ဇနီးဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးကို တင်ထားတာပါ။

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

ဒါကတော့ လမ်းလျှောက်နေရင်းနဲ့တောင် စာကိုကြိုးစားပမ်းစားဖတ်နေတဲ့သမီးငယ်လေးရဲ့ဗီဒီယိုလေးပါ။ အန်တီမေသူကတော့ " လမ်းလျှောက်ရင်းစာဖတ်သူ " ဆိုပြီး သမီးလေးကို ဆေးထိုးထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- May Thu’s Facebook

Photo Credit -May Thu’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။