မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ခဏလေးအတွင်းမှာ လူသိများအောင်မြင်လာတဲ့ ပိုင်တံခွန်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလိုက်တိုင်း ပျိုပျိုမေလေးတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။

Photo Credit :Htet Paing Ye
Photo Credit :Htet Paing Ye

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သူရဲ့ အမိုက်စားဆွဲဆောင်မှုရှိရှိအထာကျနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit :Htet Paing Ye
Photo Credit :Htet Paing Ye

ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ပုံလေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit :Htet Paing Ye
Photo Credit :Htet Paing Ye

Source:Paing Takhon Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။