ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားတွေ အများအပြားရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် ဘိုဘိုကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ပါဝင်ရိုက်ကူးထားသလို ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit – Bo Gyi’s Facebook
Photo Credit – Bo Gyi’s Facebook

ဇာတ်ပို့ သရုပ်ဆောင်ဘိုဘိုကတော့ နေမင်းနောက်လိုက်လို့ မိန်းမနဲ့ အကြီးအကျယ်ပြဿနာတက်ခဲ့ပြီး လူသိများသွားခဲ့တဲ့ အကြောင်းလေးကိုလည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

နေမင်းနဲ့အတူ ဝက်သားဒုတ်ထိုးသွားစားရင်း စနောက်ပြီး ရိုက်ထားတဲ့ သူ့ပုံကို မိန်းမသုံးယောက်ရှိတဲ့ ဝတ်သားဒုတ်ထိုးသည်ဆိုပြီး နောက်ကာ ဖေ့စ်ဘွတ်ပေါ်တင်လိုက်တာကြောင့် လူသိများသွားသလို အိမ်ကမိန်းမနဲ့ ပြဿာနာဖြေရှင်းလိုက်ရတဲ့ အောကာင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit – Bo Gyi’s Facebook
Photo Credit – Bo Gyi’s Facebook

နောက်ပြီးတင်လိုက်တဲ့ နေမင်းရဲ့ ကျေးဇူးကြောင့် မသိတဲ့ပရိသတ်တွေတောင် သိကုန်ကြကာ တစ်နိုင်ငံလုံးက ဝတ်သားဒုတ်ထိုးသည်ဆိုပြီး လူသိများသွားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ စေတနာတွေကို သိခဲ့ရလို မိန်းမသုံးယောက်ရှိတယ်ဆိုတာကြောင့်လည်း မိန်းမနဲ့ အကြီးအကျယ်သတ်ခဲ့ရတဲ့ အခွီလေးတွေကို ပြောပြထားတာပါ..။

ပရိသတ်တွေ စာနာစိတ်အပြည့် နားလည်မှုအပြည့်နဲ့ ချစ်ခင်အားပေးကြတာ မြင်ရတော့ အတိုင်းမသိ အရမ်းကိုဝမ်းသာရတဲ့အကြောင်းလေးကို ပြောပြထားတဲ့ သရုပ်ဆောင်ဘိုဘိုရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Bo Gyi’s Facebook

Photo Credit – Bo Gyi’s Facebook
Photo Credit – Bo Gyi’s Facebook

Photo Credit – Bo Gyi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။