စကားဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေတစ်နေ့ထက်တစ်နေ့ချစ်မဝဖြစ်နေရသူကတော့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းပါ။ သူမရဲ့ရုပ်ရှင်ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေက မပြတ်တမ်းအားပေးနေကြတာပါ။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းအနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့သော်လည်း ယနေ့ထိတိုင် အားလုံးက အားပေးချစ်ခင်နေကြတာပါ။

Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook

သဉ္ဇာဟာ နိုဝင်ဘာလကုန်တွင် သူမရဲ့ဒုတိယမြောက် သမီးရတနာလေးကို မွေးဖွားတော့မှာပါ။ မကြာခဏဆိုသလို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း ကလေးမမွေးခင်ပြင်ဆင်သင့်တဲ့အရာလေးတွေကို Live လွှင့်ကာ ဝေမျှလေ့ရှိတာပါ။ ဒါ့အပြင်သူမရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေထံ ဝေမျှပေးနေတာပါ။

Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook

အခုတစ်ခါမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ကိုကိုငလက်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကြီးကို ချစ်ခင်ပွန်းနဲ့အတူ တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေတင်ထားတာပါ။ " သဉ္ဇာအပျိုတုန်းက ရိုက်ထားတဲ့ "ကိုကိုငလက်မ"ကားလေး red carpet show လေးကို ယောကျာ်းနဲ့အတူတူ ပွဲတက်ဖြစ်ပါတယ်။ ဝတ်စုံအမြန်စီစဥ်ပေးတဲ့ ကိုသျှတရကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သဉ္ဇာတို့ဇနီးမောင်နှံရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Thinzar Nwe Win’s Facebook 

Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။