ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာသူကတော့ သရုပ်ဆောင် အောင်ရေချမ်းပါ။ သူ့ရဲ့ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ ပရိသတ်တွေလက်ခံတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတာပါ။ အောင်ရေချမ်းကိုတော့ ပျားရည်အိုင် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှတစ်ဆင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာသူတစ်ယောက်ပါ။  

Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook

လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသလျက်ရှိတာပါ။ ဒီဇာတ်ကားကြီးထဲမှာတော့ မြင့်မြတ်၊အူဝဲ စတဲ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်များနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာပါ။ ပရိသတ်တွေကလည်း ဒီဇာတ်ကားကြီးထဲက ဝင်းချစ်ဆိုတဲ့ ကာရိုက်တာကို ကြိုက်နှစ်သက်အားပေးနေကြတာပါ။  

Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook

အခုတစ်ခါမှာလည်း ဒီဇာတ်ကားကြီးမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပရိသတ်တွေအတွက် ဝေမျှထားတာပါ။ အောင်ရေချမ်းကတော့ " ဝင်းချစ် က မာလာ ကိုဘာပြောလဲ

#ရိုးမပေါ်ကျတဲ့မျက်ရည်" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် အောင်ရေချမ်းနဲ့မေမြင့်မိုရ်တို့ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Aung Yay Chan's Facebook 

Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။