ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်ဆယ်လီတွေထဲမှာ အသံပါဝါကောင်းကောင်း အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကြောင့် အားချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်ကေကေမိုးကလည်း အပါအဝင်ပါပဲ..။

“ကျွန်မ” သီချင်းလေးနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာခဲ့တဲ့ ကေကေမိုးကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အသစ်အခွေအသစ်လေးတွေလည်း ပူပူနွေးနွေးထွက်ရှိထားပါတယ်နော်..။


Photo Credit - Kay Kay Moe’s Facebook
Photo Credit - Kay Kay Moe’s Facebook

ပရိသတ်တွေရဲ့အချစ်တော်လေး ကေကေမိုးကတော့ Myanmar Idol နဲ့ ပတ်သက်ပြီး ချင်းမလေးတစ်ယောက်ကို ကြိုက်တယ်ဆိုပြီး ချစ်ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

အခွေအတွက် အလုပ်တွေအရမ်းများနေတော့ သိပ်မကြည့်ဖြစ်ပေမယ့် လိုင်းပေါ်တက်လာရင်တော့ ကြည့်ဖြစ်ပြီး အားလုံးက တော်ကြသလို ချင်းမလေးတစ်ယောက်ကိုတော့ ကြိုက်တယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Amaing Grace Photography
Photo Credit - Kay Kay Moe’s Facebook

Myanmar Idol အစီအစဉ်က သီချင်းဆိုပြိုင်ပွဲတွေမှာ အပေါက်ဆုံးဖြစ်သလို Myanmar Idol က ထွက်တဲ့ အဆိုတော်တွေ အကုန်လုံးကလည်း သူ့ဟာလေးနဲ့သူ အဆင်ပြေနေကြပြီး အမှန်ပြောရရင်တော့ တစ်ခါမှ Vote မပေးဖူးဘူး.. အလုပ်များလို့ မကြည့်ဖြစ်တာလည်း ပါတယ် အလုပ်အားရင်တော့ ကြည့်ဖြစ်တာပေါ့ ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

Myanmar Idol အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောပြထားသလို သီချင်းလေးတွေနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ ကေကေမိုးရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kay Kay Moe’s Facebook

Photo Credit - Kay Kay Moe’s Facebook
Photo Credit - Kay Kay Moe’s Facebook

Photo Credit - Kay Kay Moe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။