ပုရိသတွေအရူးအမူးစွဲလန်းရအောင် လှနိုင်လွန်းတဲ့ မအေးသောင်းက ကိုကို၊မောင်မောင်တွေရဲ့ အသည်းနှလုံးကို အပိုင်စားရရှိထားတာ ဖြစ်ပါတယ်။ မအေးသောင်းက မဟာဆန်တဲ့အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှတွေနဲ့ မြင်သူတိုင်း ရင်ခုန်စွဲမက်ချင်စရာကောင်းလောက်အောင် ညို့အားပြင်းလွန်းတဲ့ အလှဘုရင်မလေးလည်း ဖြစ်ပါတယ်။အမြဲလိုလို မြန်မာဝတ်စုံနဲ့တွေ့ရပြီး လှပ လွန်းတဲ့ သူမရဲ့အမိုက်စား ခန္ဓာကိုယ်ဟာ အမျိုးသားတွေသာမက အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook
Photo Credit : Aye Thaung Facebook

သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ကြည့်မိသူတိုင်းကြွေသွားရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ အလန်းစားဗီဒီယိုလေးကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားပါတယ်။ဗီဒီယိုလေးထဲမှာ အေးသောင်းတစ်ယောက် ဆွဲဆောင်မှုရှိရှိနဲ့ အခါခါပြန်ကြည့်ချင်မိအောင် လှနေတာလည်းဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook
Photo Credit : Aye Thaung Facebook

သူမဟာ ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တက်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ပြီး ကျက်သရေရှိတဲ့ သူမရဲ့ဖက်ရှင်ကလည်း ပရိတ်သတ်တွေကို မရိုးရအောင် အမြဲဆွဲဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ကဲချစ်ပရိသတ်ကြီးတွက် အေးသောင်းရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Aye Thaung Facebook
Photo Credit : Aye Thaung Facebook

Source:Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။