အက်ရှင်မင်းသားတစ်လက် ဖြစ်တဲ့ နေထူးနိုင်ကတော့ သူများနဲ့မတူတဲ့ တမူဆန်းပြားတဲ့ အက်ရှင်ကားတွေကို ရိုက်ကူးနေပြီး ပရိသတ်ရဲ့ အားပေးမှုအပြည့်အဝရရှိထားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်..။

နေထူးနိုင်ကတော့ အောင်မြင်တဲ့ အနုပညာရှင်မင်းသားတစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းတဲ့ သားလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထား ရတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး..။


Photo Credit – Nay Htoo Naing’s Facebook
Photo Credit – Nay Htoo Naing’s Facebook

သရုပ်ဆောင်နေထူးနိုင်ကတော့ အဆိုတော်မင်းသားချောလေး လွှမ်းပိုင်နဲ့ အတူ ဇာတ်ကားအတူရိုက်ရင်း လွှမ်းပိုင်က သူ့ရဲ့ Idol တစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

“ရပ်ကျော်ရွာကျော်” ဇာတ်ကားအတူရိုက်ရင်း အရမ်းတော်ပြီး အရမ်းကြိုးစားတဲ့ လွှမ်းပိုင်ကို ချီးကျူးစကားလေးဆိုထားပြီး တကယ်တော့ လွှမ်းပိုင်က သူ့ရဲ့ Idol ပါပဲဆိုပြီး နေထူးနိုင်က ပြောပြထားတာ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo Credit – Nay Htoo Naing’s Facebook

“သူကအရမ်းတော်တယ် ကြိုးစားတယ် ဘာပဲဖြစ်ဖြစ် ပြောလိုက်ရင်လည်း ချက်ချင်းသဘောပေါက်တယ် အဆိုတော်ဆိုပေမယ့် တချို့ခန်းတွေမှာ အိုင်တင်က ကျွန်တော့ထက်တောင် ကောင်းတယ် လက်ရှိဖြစ်နေတာကို သဘာဝကျကျသရုပ်ဆောင်သွားတာ ကောင်းတယ် တကယ်တမ်းသူလည်း ကျွန်တော့ Idol ပါပဲ..” ဆိုပြီးတော့ ပြောပြလာတာ ဖြစ်ပါတယ်..။

“ရပ်ကျော်ရွာကျော်” ဇာတ်ကားမှာ တောသားနဲ့ မြို့သား ရည်စားအပြိုင်ပိုးကြတဲ့ ကာရိုက်တာနေရာတွေကနေ အခွီလေး သရုပ်ဆောင်ထားကြတာဖြစ်ပြီး လှတောသားနေရာကနေ သရုပ်ဆောင်ထားတဲ့ နေထူးနိုင်ကတော့ ဘယ်လိုလှတောသားစကားလုံးတွေသုံးပြီးတော့ လွှမ်းပိုင်နဲ့ အပြိုင်ရည်စားပိုးထားလဲဆိုတာ သွားရောက်အားပေးကြည့်ရှု့လိုက်ရအောင်နော်..။

Photo Credit – Nay Htoo Naing’s Facebook

Photo By Myanmarload
Photo Credit – Nay Htoo Naing’s Facebook

Photo Credit – Nay Htoo Naing’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။