ပုရိသတွေရဲ့အသည်းကျော်လေးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က သူမရဲ့ကျစ်လျစ်လှပတဲ့ကိုယ်လုံးလေးကြောင့် ဘာဝတ်ဝတ်ပေါ်လွင်လှပနေတာလည်း ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း ဝတ်စားဆင်ယင်တတ်တဲ့သင်ဇာက အမိုက်စားဖက်ရှင်တွေနဲ့ အမြဲလှနေတတ်တာ ဖြစ်ပါတယ်။

တစ်နေ့တစ်မျိုးမရိုးရအောင် ပရိသတ်တွေကို ဖမ်းစားထားတဲ့ သင်ဇာကတော့ အခုလည်း အလန်းစားပုံရိပ်တွေကို ချပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သင်ဇာတစ်ယောက် ငွေဆောင်ကမ်းခြေကို အလည်အပတ်သွားရောက်ခဲ့ပြီး ပုံလှလှလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဖြူရောင်ရေကူးဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ သင်ဇာကတော့ သူမရဲ့စွဲမက်ဖွယ်အလှတရားတွေပေါ်လွင်အောင် အမိုက်စားပို့စ်လေးတွေ ပေးနေတာလည်း ဖြစ်ပါတယ်။

သင်ဇာရဲ့ပုံရိပ်လေးတွေမှာတော့ ဖြူဖွေးဝင်းမွတ်တဲ့ ပေါင်တံသွယ်သွယ်လေးရဲ့အလှကို အထင်းသားမြင်တွေ့ရပြီး အရမ်းကို ညို့အားပြင်းနေတာ ဖြစ်ပါတယ်။ သင်ဇာက သာယာလှပပြီး အေးချမ်းလှတဲ့နေရာလေးမှာ အထာကျကျပို့စ်ပေးရင်း အပြတ်အသတ်ဂေါ်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အလန်းစားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw's FB & IG

Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။