photo credit . LGD Gaming Twitter

LGD Gaming ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ 15 ရက်နေ့က သတင်းထုတ်ပြန်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူတို့ထုတ်ပြန်ခဲ့တဲ့သတင်းကတော့ ပြီးခဲ့တဲ့ 2013 ခုနှစ် December လ 26 ရက်နေ့က disbaned လုပ်ခဲ့တဲ့ LGD International အသင်းကို ပြန်လည်တည်ထောင်သွားတော့မယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

LGD.int နဲ့ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ LGD Gaming ဟာ ယခုလာမယ့် နိုင်ဝင်ဘာလ 26 ရက်နေ့မှာ Phillipines နိုင်ငံ Manilla မြို့မှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

အရင်တုန်းကတော့ LGD.int အသင်းမှာ region အစုံက ကစားသမားတွေကို စုပေါင်းပြီး ကစားစေခဲ့တာဆိုပေမယ့် ယခုပြန်လည်ဖွဲ့စည်းတဲ့အခါမှာတော့ Sea region က players တွေနဲ့ ဖွဲ့စည်းသွားနိုင်တယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်နေပါတယ်။

LGD Gaming အနေနဲ့လည်း LGD.int မှာကစားဖို့အတွက် ဘယ် players တွေကိုခေါ်ယူသွားမလဲဆိုတာကတော့ သူတို့ရဲ့ကြေညာချက်ကို စောင့်ကြည့်သွားရမှာပါပဲ။

source - LGD Gaming Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။