မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးလေးတွေရဲ့ အသည်းကျော် မင်းသားချောလေးတစ်လက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ရုပ်ဖြောင့်တဲ့ ပိုင်တံခွန်က ကိုရီးယားမင်းသားတစ်ဦးလို ချောမောခန့်ညားပြီး အမြဲလိုလို စတိုင်ကျကျ ပြုမူနေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရပြီး ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။

Photo Credit: Paing Takhon Facebook
Photo Credit: Paing Takhon Facebook

ဆံနွယ်ရှည်လေးတွေနဲ့ နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် ထင်မှတ်ရလောက်တဲ့ ပိုင်တံခွန်က ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ အခါခါပြန်ကြည့်ချင်မိအောင်ကို ဆွဲဆောင်မှုရှိရှိ လန်းလွန်းနေတဲ့ အမိုက်စားဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit: Paing Takhon Facebook
Photo Credit: Paing Takhon Facebook

ဗီဒီယိုလေးထဲမှာ အရမ်းချစ်ဖို့ကောင်းလွန်းပြီး ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေနေတာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ အလန်းစားဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit: Paing Takhon Facebook
Photo Credit: Paing Takhon Facebook

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။