Cat Walk King လို့အားလုံးကတင်စားထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကတော့ မြန်မာပြည်ကပရိသတ်တွေနဲ့ အတော်လေးရင်းနှီးမှုရရှိနေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုကြောင့် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ Sinon Loresca က မြန်မာပြည်မှာ အလှူအတန်းတွေပြုလုပ်ရင်း ဇာတ်ကားတစ်ခုမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း Sinon Loresca ရဲ့ဖြူစင်တဲ့စိတ်သဘောထားကြောင့် ချစ်ခင်လေးစားနေရတာ ဖြစ်ပါတယ်။

Photo Credit- Sinon Loresca's FB
Photo Credit- Sinon Loresca's FB
Photo Credit- Sinon Loresca's FB

Sinon Loresca က မင်းသားထွန်းထွန်း၊ မင်းသမီး ဖြူဖြူထွေးတို့ရဲ့ Cat Walk လျှောက်တဲ့ဗီဒီယိုလေးတွေလည်း ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကို အရယူနိုင်ခဲ့ပါတယ်။ အခုလည်း Sinon Loresca က အဆိုတော် ဟိန်းမင်းသူနဲ့အတူ ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ဟိန်းမင်းသူက " ဝလုံးလေး " သီချင်းကို ခံစားချက်အပြည့်နဲ့သီဆိုနေတာကို Sinon က ဘေးကနေငေးကြည့်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Hein Min Thu's FB
Photo Credit- Hein Min Thu's FB
Photo Credit- Sinon Loresca's FB

သီချင်းဆိုပြနေတဲ့ ဟိန်းမင်းသူကိုကြည့်ပြီး အသည်းတယားယားဖြစ်နေတဲ့ Sinon ရဲ့အမူအရာလေးတွေက ချစ်ဖို့ကောင်းသလို ရယ်လည်းရယ်နေရတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ Sinon က " My baby serenade me " ဆိုပြီး သူ့ရဲ့ Facebook Page မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖိလစ်ပိုင် Cat Walk King ဖြစ်တဲ့ Sinon Loresca နဲ့ ဟိန်းမင်းသူရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Sinon Loresca's FB & Hein Min Thu's FB 

Photo Credit- Sinon Loresca's FB
Photo Credit- Sinon Loresca's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။