မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကိုတော့ ပရိသတ်တွေက ရေဝတီဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ချစ်ခင်အားပေးလာခဲ့ကြမယ် ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်းက အေးချမ်းဖြူစင်တဲ့အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေ အများဆုံးရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ နန်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လို့လာတာပဲ ဖြစ်ပါတယ်။

Photo Credit-Nan Sandar Hla Htun's FB
Photo Credit-Nan Sandar Hla Htun's FB
Photo Credit-Nan Sandar Hla Htun's FB

အခုလတ်တလောမှာတော့ နန်းစန္ဒာလှထွန်းက ကြော်ငြာနဲ့ Photo Shooting လေးတွေ ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါရရှိထားတဲ့ နန်းက အခုလည်း ပရိသတ်တွေရဲ့အချစ်ကို ပုံလေးတွေနဲ့ အရယူလိုက်ပြန်ပါတယ်။ နန်းက သူမရဲ့လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit-Nan Sandar Hla Htun's FB
Photo Credit-Nan Sandar Hla Htun's FB
Photo Credit-Nan Sandar Hla Htun's FB

"ပင်လယ်ကြီးနဲ့ ကောင်းကင်ပြာကြီးကို ခံစားဖို့ ကိုယ့်ဘေးနားမှာ မင်းရှိနေပေးပါ " ဆိုပြီး တင်ထားတဲ့ နန်းရဲ့ပုံရိပ်လေးတွေကတော့ စွဲမက်ချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ နန်းက ပင်လယ်ပြင်ကြီးကိုနောက်ခံထားပြီး အလွင့်တလိုင်းပုံစံနဲ့ ရိုက်ကူးထားတဲ့ပုံလေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့အမိုက်စားအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nan Sandar Hla Htun's FB  

Photo Credit-Nan Sandar Hla Htun's FB
Photo Credit-Nan Sandar Hla Htun's FB
Photo Credit-Nan Sandar Hla Htun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။