ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်တဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်လေးကတော့ သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို သရုပ်ဆောင်ကောင်းမှုတွေအပြင် ဆွဲဆောင်မှုတွေအပြည့်နဲ့ ညို့အားပြင်းလွန်းတဲ့ အမိုက်စားခန္ဓာအလှတရားတွေကို ပိုင်ဆိုင်ထားပြီး သူမတူတဲ့ အလန်းစားဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးလည်း ဖြစ်ပါတယ်..။


Photo Credit – Amazing Grace Photography
Photo Credit – Amazing Grace Photography

ယောကျ်ားလေးပရိသတ်တွေအခိုင်အမာရရှိထားသလို ပွင့်လင်းပြီး ချစ်စရာကောင်းတာကြောင့် မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်ကြတဲ့ သင်ဇာလေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေကြား ဟော့ဖြစ်သွားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။

ခန္ဓာကိုယ်အောက်ပိုင်းအတွင်းသားပေါ်ပြီး ပရိသတ်တွေကြားလူပြောများရေပန်းစားသွားတဲ့ ဗီဒီယိုလေးကတော့ ကိုနေ(Amazing Grace) နဲ့ အလှဓာတ်ပုံလေးတွေရိုက်ရင်း ရိုက်ဖြစ်သွားတာဖြစ်ပြီး အတွင်းခံ ဝတ်ထားတယ်လို့ ပြောပြထားပါတယ်နော်..။


Photo Credit – Amazing Grace Photography
Photo Credit – Amazing Grace Photography

အောက်ခံမဝတ်ထားဘူးလို့ ဝေဖန်ကြတဲ့ အပေါ်မှာလည်း “G String ဝတ်ထားပါတယ်” ဆိုပြီး ပြောပြထားသလို “G String ဝတ်တဲ့ခံစားချက်ကို သိချင်ရင် G String ကို ဝတ်ကြည့်လိုက်ပါ ဝတ်တဲ့လူကို လာမမေးနဲ့..” ဆိုပြီးတော့လည်း ရယ်မောက ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်..။

မထင်မှတ်ပဲ စိတ်ထဲတင်ချင်စိတ်ဖြစ်လို့ တင်လိုက်တာဖြစ်ပြီး စက္ကန့်ပိုင်းလေးအချိန်မှာ ရအောင် Screenshot ရိုက်နိုင်ကြတဲ့ ပရိသတ်တွေကိုလည်း လေးစားပါတယ် ဆိုပြီးတော့လည်း ပြောပြထားတဲ့ သင်ဇာလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit – Amazing Grace Photography
Photo Credit – Amazing Grace Photography

Photo Credit – Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။