ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး မိုးယုစံကတော့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားနိုင်တဲ့ မင်းသမီးလေးတစ်ဦး ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ်ရော သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ်ပါ အောင်မြင်မှုရရှိခဲ့တဲ့ မိုးယုစံက လက်ရှိမှာတော့ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ရရှိထားပါတယ်။ ဒါ့အပြင် မိုးယုက ချစ်စရာကောင်းတဲ့ သားလေးကိုလည်း အချိန်ပြည့်ဂရုစိုက်ပေးနေတဲ့ ကလေးမေမေတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit : Moe Yu San facebook
Photo Credit : Moe Yu San facebook

လက်ရှိမှာတော့ မိုးယုစံက အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်ပြီး မိသားစုနဲ့သာ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။ သားလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့ သူမတို့ရဲ့ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်း Facebook မှာ မကြာခဏဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ လတ်တလောမှာလည်း ချစ်စရာအရမ်းကောင်းတဲ့ သားလေးရဲ့ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။သားသားလေးကခုဆိုရင် အရွှယ်ရောက်လာကာ ပိုပိုပြီးချစ်ဖို့ကောင်းလာတာလည်းဖြစ်ပါတယ်။

Photo Credit : Moe Yu San facebook
Photo Credit : Moe Yu San facebook

မိုးယုတို့ မိသားစု လေးတွေက ကြည်နူးစရာကောင်းတာကြောင့် ပရိသတ်တွေအားကျနှစ်သက်နေရတဲ့ မိသားစုလေးလည်းဖြစ်ပါတယ်။မိုးယု သားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်တွေက ချစ်ခင် နှစ်သက်အားပေး ကြတာလည်းတွေ့ရပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက် Austin လေးရဲ့ချစ်စရာ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Moe Yu San facebook
Photo Credit : Moe Yu San facebook

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။