ပြည်သူချစ်သရုပ်ဆောင် မအေးသောင်းကတော့ တစ်ချိန်က အေးဝတ်ရည်သောင်းဆိုတဲ့နာမည်လေးနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ နက်မှောင်တောက်ပတဲ့ဆံနွယ်ရှည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းက မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ်။ မအေးသောင်းရဲ့မြန်မာဆန်တဲ့ အလှတရားတွေကိုတော့ ပရိသတ်တွေက မကြွေဘဲမနေနိုင်ဖြစ်နေရတာ ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

အသက် (၃၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ မအေးသောင်းက ရှိရင်းစွဲအသက်အရွယ်ထက်ကို ပိုမိုနုပျိုလှပလွန်းသူလည်း ဖြစ်ပါတယ်။ မအေးသောင်းက ကျစ်လျစ်လှပတဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် မြန်မာဝတ်စုံလေးနဲ့တောင် ဆွဲဆောင်မှုရှိစွာ လှပနေတာပဲ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းက လယ်ကွင်းထဲမှာ ဦးထုပ်ကြီးဆောင်းပြီး အပီအပြင်ပို့စ်ပေးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

မအေးသောင်းက ပန်းရောင်မြန်မာဝတ်စုံလေးနဲ့ အလှပေါ်အယဉ်ဆင့်ပြီး အေးချမ်းတည်ငြိမ်စွာ လှနေတာ ဖြစ်ပါတယ်။ မအေးသောင်းက " လွမ်းမနေအားပါဘူး လောကဒါဏ်ဆိုတာတွေက မင်းမရှိတဲ့အချိန်လွမ်းတာလောက်ကို စာမဖွဲ့ခိုင်းဖူး အချစ်လို့ ခဏခဏအော်ဖို့ ဘဝဆိုတာကလည်း ခဏခဏ အားချိန်ပေးမနေပြန်ဘူး အလွယ်ဆုံးစိတ်ကူးတွေကို လက်တွေ့ချပြရတာ သိပ်ခက်လွန်းလို့ မင်းနဲ့နီးစပ်ဖို့တောင် မကြိုးစားမိဘူး" ဆိုတဲ့စာသားလေးတွေနဲ့အတူ ပုံလေးတွေကိုတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသောင်းရဲ့မြန်မာဆန်တဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aye Thaung's FB 

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။