ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားသူကတော့ မော်လ်ဒယ် သရုပ်ဆောင်မင်းသားချောလေး တိုင်ရွန်ပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင် ပီပြင်မှုတွေအပြင် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စား Body နဲ့ စမတ်ကျတဲ့ ခပ်မိုက်မိုက် စတိုင်လ်လေးတွေကလည်း သူ့ရဲ့ ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit - Tyron Bejay’s Facebook
Photo Credit - Tyron Bejay’s Facebook

ပရိသတ်အချစ်တော် မင်းသားချောလေး တိုင်ရွန်ကတော့ အမိုက်စားမင်းသမီးချောလေး သင်ဇာဝင့်ကျော်နဲ့အတူ အနုပညာအလုပ်တွေအတူတွဲဖက်လုပ်ဆောင်ရင်း ခရီးသွားခဲ့ကြတဲ့ အကြောင်းလေး ပြောပြလာပါတယ်..။

လှလည်လှတယ် ချောလည်း ချောတဲ့ သင်ဇာလေးနဲ့အတူ ခရီးသွားရတာ အဆင်ပြေကြောင်းနဲ့ ခရီးသွားကြတဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Tyron Bejay’s Facebook
Photo Credit - Tyron Bejay’s Facebook

သင်ဇာနဲ့အတူ ခရီးသွားအစီအစဉ်လေးကို ရိုက်ကူးထားကြတာဖြစ်ပြီး ခရီးသွားတဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာလေးတွေကို အပန်းဖြေရိုက်ကူးထားကြတာဖြစ်တဲ့ အကြောင်းလေးကိုလည်း တိုင်ရွန်က ပြောပြထားပါသေးတယ်..။

TV အစီအစဉ်လေးအကြောင်းနဲ့ သင်ဇာလေးနဲ့ ခရီးသွားရတာအဆင်ပြေပြီး ပျော်စရာကောင်းတဲ့ ခရီးသွားအစီအစဉ်လေးအကြောင်းကို ပြောပြထားတဲ့ တိုင်ရွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Tyron Bejay’s Facebook
Photo Credit - Tyron Bejay’s Facebook
Photo Credit - Tyron Bejay’s Facebook

Photo Credit - Tyron Bejay’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။