ညိုမင်းလွင်က သူ့ဘဝမှာ အလုပ်ချင်ဆုံး အလုပ်ကို ဖော်ပြလိုက်ပါတယ်။

“ကျွန်တော့်ဘဝမှာ တစ်ခါမှမလုပ်ဖူးတဲ့၊ဘယ်တော့မှလည်းလုပ်ခွင့်မရတော့မယ့် အလုပ်တစ်ခုအမှန်တကယ်ပဲရှိနေတယ်...

အဲဒါက

သတို့သားအရံ...

မင်္ဂလာဆောင်တွေသွားတိုင်းမှာခေါင်းထဲကိုဝင် ဝင်လာတဲ့အတွေးတစ်ခုပါ......

See you tonight...” ဆိုပြီး သူလုပ်လိုတဲ့ အလုပ်ကိုဖေ့ဘွတ်မှာ ရေးထားပါတယ်။

အဲ့စတေးတပ်အောက်မှာတော့

“လုပ်ရမလား

လူပျိုတုန်းကရုပ်လဲကြည့်ဦးလေ ပိန်ပြီးမည်းနေတာ

ကိုယ်တောင်မကြိုက်ဘူးအတင်းလိုက်ကပ်လို့ယူရတာ ” ညိုမင်းလွင်အမျိုးသမီးက comment ပေးထားပါတယ်။

အဲ့နောက်မှာတော့ ညိုမင်းလွင်က “အဲဒါကြောင့်လည်း ကော်ဖီဆိုင်ဖွင့်ပွဲပုံတင်တုန်းက ပြောပါတယ်

Beauty and the Beast ပါ လို့...” လို့ပြန်ပြောတော့ အားကျဖွယ်၊ကြည်နူးဖွယ် ပုံရိပ်လေးကိုပြေးမြင်မိသလိုပါပဲ..။

လက်ရှိမှာတော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးထားတဲ့ “လူသားများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်" ဇာတ်ကားရုံတင်ပြသနေသလို အားပေးမှုတွေလည်းရရှိထားပါတယ်။

Source: ညိုမင်းလွင်ဖေ့ဘွတ်

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။