မြန်မာလက်ရွေးစင် အသင်းနှင့် မွန်ဂိုလီးယား လက်ရွေးစင် အသင်းတို့၏ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ တွင်ကျင်းပခဲ့ပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲကိုတော့ နှစ်ဖက်အသင်းနည်းပြချုပ်များတက်ရောက်ခဲ့ကြပြီး ပွဲကြိုစကားတွေကိုလည်းပြောပြသွားခဲ့ပါတယ်။မြန်မာအသင်းနဲ့ မွန်ဂိုလီးယားအသင်းတို့ပွဲကိုတော့၁၉ရက်နေ့မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Photo Credit:MFF

တာဂျစ်ကစ္စတန်နဲ့ ပွဲမှာ အနိုင်ရခဲ့တာကြောင့် မွန်ဂိုလီးယားနဲ့ ပွဲဟာလည်း အရေးပါပြီး အနိုင်၃ မှတ် ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့ရင် ခြေစစ်ပွဲမှာ ပြန်လည်စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။ ကစားသမားတွေအနေနဲ့ အခုချိန်မှာ ယုံကြည်မှု ရှိနေပြီး ပွဲအတွက် အဆင်သင့် ဖြစ်နေပါတယ်။ ပရိသတ်အားပေးမှုက အလွန်အရေးပါပြီး တာဂျစ်ကစ္စတန်နဲ့ ပွဲကထက် ပိုများတဲ့ ပရိသတ်အရေအတွက် လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ပရိသတ်နဲ့ အတူ အောင်ပွဲခံပြီး ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ်သွားမှာပါဆိုပြီး နည်းပြချုပ်အန်တွမ်နီဟေးကပြောကြားသွားခဲ့ပါတယ်မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဇော်မင်းထွန်းကလည်းကျွန်တော်တို့ တာဂျစ်ကစ္စတန်နဲ့ ပွဲမှာ အနိုင် ရထားပေမဲ့ ယုံကြည်မှု လွန်ကဲတာမျိုး ဖြစ်မနေပါဘူး။မွန်ဂိုလီးယားနဲ့ ပွဲမှာ အနိုင်ရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ခံစစ်ပိုင်း အားနည်း ချက်တွေကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်ဆိုပြီးပြောကြားသွားခဲ့တာပါ။

Photo Credit:MFF

မွန်ဂိုလီးယားလက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ်ဝစ်ကလည်းမြန်မာနဲ့ ပွဲမတိုင်မီမှာ ကမ္ဘောဒီးယား အသင်းနဲ့ ခြေစမ်းပွဲ ကစားထားပါတယ်။ ရာသီဥတု အပြောင်းအလဲရှိပေမဲ့ ပြဿနာ မဟုတ်ပါဘူး။ ရန်ကုန်မှာ နှစ်ကြိမ်လာကစားခဲ့ဖူးပါတယ်။ မြန်မာ အသင်းကလည်း ပထမအကျော့ ပွဲကထက် ပိုကောင်းလာတာကြောင့် ခက်ခဲမဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။

မွန်ဂိုးလီးယား လက်ရွေးစင် အသင်းခေါင်းဆောင်နော်ဂျမို ကလည်းမြန်မာအသင်းဟာ တာဂျစ်ကစ္စတန် နဲ့ ပွဲမှာ အလွန်ကောင်းတဲ့ ခြေစွမ်းထုတ်ပြနိုင်ခဲ့တာကြောင့် အခုတွေ့ရမယ့် ပွဲဟာ စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။

Photo Credit:MFF
Photo Credit:MFF

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။