ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်မင်းသမီးချောလေး ဖူးပွင့်သခင်ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်သလို ပွင့်လင်းစကားပြောဟန်လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။


Photo Credit - Phoo Pwint Tha Khin’s Facebook
Photo Credit - Phoo Pwint Tha Khin’s Facebook

မင်းသမီးချောလေးဖူးပွင့်သခင်ကတော့ အုပ်စုလိုက် သရဲခြောက်ခံရပြီး သရဲကြောက်ခဲ့ရတဲ့ အမှတ်တရလေးအကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

သရဲကားအရမ်းကြည့်တဲ့ထဲမှာပါတော့ သရဲရှိတယ်ဆိုတာ အစက မယုံတဲ့သူမဟာ ရဲဇာတ်လမ်းတွဲရိုက်တုန်းက ဂုဏ်ပြုညစာစားပွဲမှာ အုပ်စုလိုက်အခြောက်ခံရဖူးပြီး ကြောက်သွားတဲ့အကြောင်းလေးကို ပြောပြထားတာပါ..။


Photo Credit - Phoo Pwint Tha Khin’s Facebook
Photo Credit - Phoo Pwint Tha Khin’s Facebook

“အဲ့တုန်းက အခြောက်ခံရဖူးတကည်းက ကြောက်သွားတယ် သရဲကားရိုက်တုန်းကလည်း သရဲပုံမိတ်ကပ် သူများလိမ်းထားတာမြင်ရင်လည်း ကြည့်ပြီးကြောက်လို့ ငိုတယ်..” ဆိုပြီးတော့လည်း ဖူးပွင့်သခင်က ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ပရိသတ်အချစ်တော်လေး ပြောပြထားတဲ့ သရဲခြောက်ခံရတဲ့ အကြောင်းလေးကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Phoo Pwint Tha Khin’s Facebook
Photo Credit - Phoo Pwint Tha Khin’s Facebook

Photo Credit - Phoo Pwint Tha Khin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။