photo credit - Ember twitter

Emberifyy ကတော့ Smash games တွေကစားရတာကိုကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြိး twitch မှာ Super Smash Bros.Ultimate game ကို အမြဲ stream နေတဲ့ streamer တစ်ယောက်ပဲဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ 8 ရက်နေ့မှာ အရင် Daniel Bergman တင်ထားတဲ့ ဗီဒီယိုဂိမ်းကို အကြာဆုံး 57 နာရီထိကစားပြတဲ့ စံချိန်ကို ချိုးမယ်ဆိုတဲ့ စိတ်ကူးနဲ့ twist မှာ Super Smash Bros.Ultimate game ကို stream ခဲ့ပါတယ်။

Ember ဟာ သူ streaming စလုပ်တဲ့အချိန်ကနေစတင်ပြီး တနာရီကို ဆယ်မိနစ်ဝန်းကျင်လောက်သာ အနားယူပြီး Super Smash Bros.Ultimate game ကို 65 နာရီကြာအောင်ဆက်တိုက်ကစားပြနိုင်ခဲ့ပါတယ်။

65 နာရီဆက်တိုက် streaming လုပ်နေစဉ် စုစုပေါင်းသူ့ရဲ့နားချိန်ဟာဆိုရင်တော့ 7 နာရီ 32 မိနစ် ဝန်းကျင်လောက်ရှိခဲ့ပြီး အခုဆိုရင်တော့ Ember ဟာ “longest videogame marathon on a fighting game “ category နဲ့ Guinness ကမ္ဘာ့စံချိန်သစ်ကိုတင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒါဟာ ဂုဏ်ပြုပေးစရာဖြစ်ရပ်တစ်ခုဖြစ်သလို Ember လို လိုက်ကစားပြဖို့ကလည်း တော်တော်လေးကို ကျန်းမာရေးကောင်းမှဖြစ်မယ့်ကိစ္စတစ်ခုပါပဲ။

source- Ember twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။