ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ အနုပညာရှင်အဆိုတော်မလေးကတော့ ထွန်းရတီပဲ ဖြစ်ပါတယ်နော်..။

“အချစ်များစွာယူ” သီချင်းလေးနဲ့ မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ထွန်းရတီကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်နော်..။


Photo Credit - Htun Yati’s Facebook
Photo Credit - Htun Yati’s Facebook

ပရိသတ်အချစ်တော်လေး သူမကတော့ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း ကြည့်ဖြစ်ပြီး အားပေးဖြစ်သလို Myanmar Idol မှာ သူမကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကိုလည်း ထွန်းရတီက ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

Myanmar Idol မှာ အားလုံးကြိုးစားကြတာတွေ့ရသလို အေးမြဖြူကတော့ အသက်လေးလည်းငယ်ပြီး ဘက်စုံလေးလည်းရလို့ သူ့ကို ကြိုက်ပြီး နောက်တစ်ယောက်ကတော့ Esther ကိုလည်း ကြိုက်တယ်ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Htun Yati’s Facebook
Photo Credit - Htun Yati’s Facebook

ပျောက်နေတယ်လို့နေကြတဲ့ ပြောနေကြတဲ့ ပရိသတ်တွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ အကြောင်းလေးကိုလညဘ်း ထွန်းရတီက ပရိသတ်တွေကို ပြောပြထားပါတယ်နော်..။

သူမရဲ့ သီချင်းလေးတွေကိုလည်း အွန်လိုင်းပေါ်မှာ ဖြန့်ဖို့ရှိပြီး မကြာခင်မှာ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာဖြစ်ပြီး အချစ်နဲ့ပတ်သက်ပြီးတော့လည်း သူမရဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Htun Yati’s Facebook
Photo Credit - Htun Yati’s Facebook

Photo Credit - Htun Yati’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။