ပရိသတ်ကြီးရေ.. အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားကြတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ သရုပ်ဆောင်မင်းသားချော စိုးသီဟကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် အမိုက်စားပုံရိပ်လေးတွေနဲ့ ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Soe Thiha's Facebook
Photo Credit - Soe Thiha's Facebook

စိုးသီဟကတော့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီးဦးနဲ့ပြိုင် အဓိကဇာတ်ကောင်ကာရိုက်တာနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်နော်..။

ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦး၊ မင်းမော်ကွန်း၊ စိုးရန်အောင်၊ မိုးဟေကို၊ အေးမြတ်သူ၊ စိုးပြည့်သဇင်တို့နဲ့အတူ “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကမိန်းနေရာကနေ သရုပ်ဆောင်ထားတာပါနော်..။


Photo Credit - Soe Thiha's Facebook
Photo Credit - Soe Thiha's Facebook

ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦးနဲ့အပြိုင် သရုပ်ဆောင်ထားပြီး တကယ်လုပ်ကွက်ရတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ပရိသတ်တွေအသိအမှတ်ပြုမယ်လို့ ယုံကြည်တယ်ဆိုပြီးတော့လည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

စိုးသီဟကတော့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားအကြောင်းလေးနဲ့ လတ်တလော အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Soe Thiha's Facebook
Photo Credit - Soe Thiha's Facebook

Photo Credit - Soe Thiha's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။