ပရိသတ်ကြီးရေ.. အဆိုတော်ဖိုးကာကတော့ သူ့ရဲ့ အသံချိုချိုအေးအေးလေးအပြင် တေးသီးချင်ကောင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားပြီး ပရိသတ်တွေကြား မရိုးနိုင်အောင် ရေပန်းစားတဲ့ ဖိုးကာရဲ့ သီချင်းလေးတွေကိုတော့ ပရိသတ်တွေက အမြဲအကြိုက်တွေ့ အားပေးနေကြပါတယ်နော်..။

Photo Credit - Phoe Kar's Fcebook
Photo Credit - Phoe Kar's Fcebook

ဝါရင့်ဂီတအနုပညာရှင်ဖြစ်တဲ့ ဖိုးကာကတော့ ကိုယ်တိုင်လည်း သီချင်းတွေရေးစပ်ဖန်တီးသလို အခုတစ်ခါမှာလည်း ကေကေမိုးအတွက် "မင်းပျော်တဲ့မြို့" ဆိုတဲ့ သီချင်းလေးကို ရေးစပ်ပေးထားပါတယ်နော်..။

ဖိုးကာကတော့ ဘာသီချင်းဖြစ်ဖြစ်ဆိုနိုင်ပြီး ဘာသီချင်းဖြစ်ဖြစ်ဆိုလို့ရသလို သီချင်းကို အမျိုးမျိုးဆိုလို့ရလို့ ကေကေမိုးကို ဆရာကျတယ်ဆိုပြီး ချီးကျူးစကားလေး ဆိုထားပါတယ်နော်..။

Photo Credit - Phoe Kar's Fcebook
Photo Credit - Phoe Kar's Fcebook

ကေကေမိုးရဲ့ အသစ်ထွက်ရှိတဲ့ အခွေအသစ်လေးမှာလည်း သူမက သီချင်းတွေကို ပုံစံပြောင်းဆိုထားပြီး သူနဲ့မလိုက်တဲ့ သီချင်းမျိုးကို မတွေ့တာမို့ အခွေအသစ်လေးကလည်း အဆင်ပြေပြီး ပရိသတ်အားပေးမှုရမှာပါ ဆိုပြီးတော့လည်း ဖိုးကာက ပြောပြထားပါသေးတယ်..။

ကေကေမိုးရဲ့ အနုပညာအရည်အချင်းတွေကို ပြောပြထားသလို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြထားတဲ့ ဖိုးကာ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Phoe Kar's Fcebook
Photo Credit - Phoe Kar's Fcebook

Photo Credit - Phoe Kar's Fcebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။