တက်သစ်စ တစ်ယောက်အနေနဲ့ ဇာတ်ကားကောင်းတွေမှာ ပါဝင်ခွင့်ရတာ ကံကောင်းမှုတစ်ခုပါလို့ သရုပ်ဆောင် ဆုအိမ့်စံက ဆိုပါတယ်။ဖေ့စ်ဘွတ်ရွာဇာတ်ကား၊ငါ့အကယ်ဒမီ အစရှိတဲ့ဇာတ်ကားတွေမှာ ပရိသတ်လက်ခံနိုင်တဲ့အထိသဘောကျနှစ်သက်မှုရရှိထားတဲ့ ဆုအိမ့်စံက အခုလိုပြောလိုက်တာပါ။လက်ရှိမှာတော့ ကာတွန်းပြကွက်ဇာတ်ကားကိုလည်းရိုက်ကူးထားပါတယ်။

“ ဆုဆုက သရုပ်ဆောင်လောကထဲရောက်တာ ဘယ်လောက်မှ မကြာသေးဘဲနဲ့ အခုလို ပရိသတ်တွေက သိလာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ဒီလို ပရိသတ်မြန်မြန်သိလာတယ်ဆိုတာကလည်း ဆုဆု ရိုက်လိုက်တဲ့ဇာတ်ကားလေးတွေက ပရိသတ် စိတ်ဝင်စားတဲ့၊ သဘောကျတဲ့ ဇာတ်ကားတွေဖြစ်သလို သရုပ်ဆောင်ကောင်းတွေနဲ့ ရိုက်ရတာကြောင့်လည်း ပါပါတယ်။ဆုဆုအတွက် အဲဒီလိုဇာတ်ကားကောင်းတွေမှာ ပါဝင်ခွင့်ရတာ ဆုဆုကံကောင်းတာပါ။ အခွင့်အရေးပေးတဲ့အချိန်၊ ပရိသတ်သိလာတဲ့အချိန်မှာ သရုပ်ဆောင်အလုပ်ကို ဆုဆု တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသွားမှာပါ။လိုအပ်တာတွေရှိရင်လည်း နားလည်အားပေးပါ”လို့ ပရိသတ်ကိုအမှာစကားဆိုလိုက်ပါတယ်။

Source: သမဂ္ဂစာမျက်နှာ

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။