အမြဲတမ်းဆန်းသစ်လွန်းတဲ့ဖက်ရှင်မျိုးကိုသာ ဝတ်ဆင်လေ့ရှိသူက မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပါ။ သင်ဇာဟာ ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်ရပင်မယ့်လည်း သူမရဲ့ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ပရိသတ်တွေကလည်း သူမရဲ့ဒီလိုမိမိုက်နေတာလေးတွေကိုပဲ ချစ်မဝဖြစ်နေကြတာပါ။

Photo Credit- Amazing Grace Photography
Photo Credit- Thinzar Wint Kyaw’s Facebook
Photo Credit- Thinzar Wint Kyaw’s Facebook

သင်ဇာဟာ မကြာသေးခင်ကပဲ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားရောက်ခဲ့တာပါ။ ကမ်းခြေဖက်ရှင်နဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးထံ အမြဲ ဝေမျှနေသူပါ။ မကြာသေးခင်ကတင်ထားတဲ့ ခန္ဓာကိုယ်လေးကိုတစ်ပတ်လှည့်ကာ ခန္ဓာကိုယ်အလှလေးကိုပြသထားတဲ့သူမရဲ့ဗီဒီယိုလေးဟာလည်း ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတာပါ။

Photo Credit- Thinzar Wint Kyaw’s Facebook
Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

အခုတစ်ခါမှာလည်း ပရိသတ်တွေမမြင်ဖူးသေးတဲ့ ဗီဒီယိုလေးတစ်ခုတင်လိုက်ပြန်ပါပြီ။ ဒါကတော့ သူမလို့မမှတ်မိရလောက်အောင် ယောကျ်ားလေးပုံစံနှုတ်ခမ်းမွေးလေးစစထားကာအပြတ်ဂေါ်နေတဲ့ သင်ဇာရဲ့ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Thinzar Wint Kyaw’s Facebook And Amazing Grace Photography

Source- Thinzar Wint Kyaw’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။