ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုလေးနဲ့အတူ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဆုပန်ထွာက ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်မေတ္တာတွေကိုလည်း ရရှိနေဆဲပါနော်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

ဆုပန်ထွာက မကြာသေးခင်ရက်ကမှ အမေရိကန်ပြည်ထောင်စုကနေပြန်လည်ရောက်ရှိလာပြီး ၂လနီးပါးခွဲနေရတဲ့သားလေးကိုအရမ်းတွေ့ချင်လွန်းလို့ လေဆိပ်မှာတင် သားအမိနှစ်ယောက်ဖက်ပြီး ငိုခဲ့ကြတာဖြစ်ပါတယ်။Roar Roar လေးကလည်း မေမေ့ကိုတွေ့လို အရမ်းအံ့သြနေပြီး မေမေဝယ်လာတဲ့လက်ဆောင်လေးတွေကြောင့်အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

ဆုပန်ထွာကတော့ အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးနားမှာပဲတစ်ချိန်လုံးနေပြီး သေချာဂရုစိုက်စောင့်ရှောက်ပေးကာ သားလေးပျော်ရွှင်အောင်လုပ်ပေးနေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မေမေဆုပန်ထွာက သားလေးRoar Roar Kyaw နဲ့အတူ အိမ်ထဲမှာပဲ စိန်ပြေးတမ်းကစားပေးနေပြီး ပျော်ရွှင်နေကြတဲ့ သားအမိနှစ်ယောက်ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

Photo Credit:Supan Htwar's Facebook

Photo Credit:Supan Htwar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။