အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်လာခဲ့ရတာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သမီးချောလေးတစ်ယောက်ကို မွေးဖွားထားတဲ့ကလေးတစ်ယောက်မေမေလည်း ဖြစ်ပါတယ်။ Treasure လေးလို့အမည်ပေးထားတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကိုတော့ ပရိသတ်တွေကပါ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB

ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ မြင်သူတိုင်းအသည်းယားစရာကောင်းနေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက မေမေနဲ့နှုတ်ခမ်းလေးတွေကအစ တူနေတဲ့ သမီးချောလေးပဲ ဖြစ်ပါတယ်။ အခုလည်း ဆုပန်ထွာရဲ့သားလေးက Roar Roar က Treasure လေးကိုလက်ဆောင်လာပေးရင်း အတူတူဆော့ကစားခဲ့ပါတယ်။ ကိုကို Roar Roar က Treasure လေးကိုချီရင်း ချစ်မဝဖြစ်နေတဲ့ပုံလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB

စန္ဒီမြင့်လွင်ကတော့ " မနေ့ကကိုကို roar roar နဲ့ ညီမလေး Treasure ကိုကိုကညီမလေးကို အင်္ကျီလက်ဆောင်လာပေးတာ ကိုကိုနဲ့ဆော့ရတာပျော်လို့ နောက်တစ်ခေါက်ထပ်ဆော့မယ်နော် ကိုကိုရေ " ဆိုပြီး ကလေးနှစ်ယောက်ရဲ့ချစ်စရာပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်ချစ်ခင်ခင်နဲ့အတူတွေ့ရတဲ့ စန္ဒီမြင့်လွင်သမီးလေးနဲ့ ဆုပန်ထွာသားလေးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Sandy Myint Lwin's FB 

Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB
Photo Credit- Sandy Myint Lwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။