ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေပြီး ချစ်အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ စီးပွားရေးကိုလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးကြလို့ အရမ်းပျော်ရွှင်စရာကောင်းပြီးပရိသတ်တွေကလည်းအရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ပါနော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က အကူအညီလိုအပ်တဲ့သူတွေကိုလည်းကူညီပေးကြသလို ကုသိုလ်အရေးဆိုလည်း ရှေ့ဆုံးကနေပါဝင်ဆောင်ရွက်ကြတာဖြစ်ပါတယ်။အနုပညာဆည်းဆာရိပ်မှာနေထိုင်ကြတဲ့ အဖိုးအဖွားတွေကိုလည်း လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်နဲ့ တခြားအနုပညာရှင်တွေက ကူညီပေးကြကာ စိတ်ချမ်းသာအောင်ထားပေးကြတာပါနော်။

Photo Credit:Lin Zarni Zaw's Facebook

အခုဆိုရင်လည်း လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က အနုပညာဆည်းဆာရိပ်မှာနေထိုင်နေတဲ့ အဖိုးအဖွားတွေကို ပျော်ရွှင်အောင်လို့ ဂစ်တာတီးပြီး သီချင်းဆိုပြနေကြတာဖြစ်ပါတယ်။အဖိုးအဖွားတွေကလည်း လင်းဇာနည်ဇော်တို့ကို အားပေးနေကြပြီး ပျော်ရွှင်စရာလေးတွေမျှဝေနေတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

Photo Credit:Lin Zarni Zaw's Facebook

Video Credit:Lin Zarni Zaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။