ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော အိန္ဒြာကောျ်ဇင်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ထိပ်တန်းကရပ်တည်နေတဲ့ ပြည်သူ့အသည်းကျော်အကယ်ဒမီ သရုပ်ဆောင်မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်..။

ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့တခဲနက် အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ကျော့ရှင်းတဲ့ ပင်ကိုယ်အလှတရားတွေကလည်း ပရိသတ်တွေကို ဖမ်းစားထားတာပါ..။


Photo Credit – Li John Photography
Photo By Myanmarload

ပရိသတ်တွေအသည်းကျော် အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေကို နှစ်ပေါင်းများစွာ မနှိပ်စက်သင့်တာမို့ နောက်ပိုင်းတွေမှာ ဇာတ်ကားတွေ မရိုက်သလောက်ကို ရှားသွားမှာဖြစ်တဲ့အကြောင်းလေး ပြောပြလာပါတယ်..။

သူမရဲ့မျက်နှာနဲ့ ပုံစံတွေနဲ့ ဒီ့ထက်အိုင်တင်တွေ ကွဲလွဲအောင် အများကြီး လုပ်ပြဖို့မလုပ်နိုင်တော့သလို လုပ်ပြဖို့လည်း မရှိတော့တာမို့ နောက်ပိုင်းမှာ ဇာတ်လမ်းတွေကို အရမ်းရွေးပြီး လက်ခံတော့မှာမို့ သူမရဲ့ဇာတ်ကားတွေက မရိုက်သလောက်ကို ရှားသွားမှာဖြစ်တယ်ဆိုပြီး ပရိသတ်တွေကို အသိပေး ပြောပြထားတာပါ..။


Photo By Myanmarload
Photo Credit – Li John Photography

သူမအနေနဲ့ ဇာတ်ကောင်ကာရိုက်တာတွေများပေမယ့် ကိုယ့်ကိုကိုယ် အများကြီးလိုအပ်နေသေးသလို အများကြီးထပ်ဖြည့်ရဦးမှာလည်း ဖြစ်တာမို့ “ပရိသတ်တွေကို ဒီလောက် ဒီနှစ်ပေါင်းများစွာ မနှိပ်စက်သင့်ဘူး ထင်တာပဲ ကားရိုက်ကိုလည်း ဇာတ်လမ်းကိုအရမ်းကို ရွေးပြီး လက်ခံတော့မှာဆိုတော့ တော်တော်လေးကို မရိုက်သလောက် ရှားသွားမယ်လို့ ထင်တယ်..” ဆိုပြီး ပြောပြထားဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ သူမရဲ့အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်ကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit – Li John Photography

Photo Credit – Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။