အမြင်မသင့်တော်သော ဓာတ်ပုံရိုက်ကူးစေမှုဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှလိုင်စင်မဲ့ တရုတ်စကားပြန်တစ်ဦးအား အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းသိရှိရပါတယ်။

“ ၁၁-၅-၂၀၁၇ ရက်နေ့ နံနက်ခင်းမှာ ရင်ထဲကို မကောင်းစေတဲ့ မြင်ကွင်းလေးတစ်ခုလို့ပြောရင် လွန်များသွားလေမလား စဉ်းစားမိပါသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း အရုပ်ဆိုး အကျဉ်းတန်စေသောမြင်ကွင်းတစ်ခုပါ”ဆိုပြီး ပုံ၃ပုံနဲ့အတူ လူမှုကွန်ရက်မှာ ပျံနှံံ့နေပါတယ်။

အဆိုပါမြင်ရသည့်မြင်ကွင်းသည် သဘာဝမဟုတ်ဘဲ ကိုရင် သုံးပါးကို ခေါ်ယူသရုပ်ပြခိုင်းသည့် ပုံဖြစ်နေသည့်အတွက်Photo Guide လိုင်စင်မဲ့ တရုတ်စကားပြန် မင်းမင်းဆိုသူကို အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

Source: ကိုကုဋေသူ (Bagan Visitors)

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။