၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီနေ့မှာတော့ မွန်ဂိုလီးယားအသင်းနဲ့ ခြေစစ်ပွဲကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာလက်ရှိအချိန်ထိ၄ပွဲကစားထားပြီးတစ်ပွဲနိုင်သုံးပွဲရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။နည်းပြအန်တွမ်နီဟေးရဲ့တစ်ကျော့ပြန်လက်ထက်မှာခြေစွမ်းတွေပြနေတာကြောင့် မွန်ဂိုလီးယားအသင်းနဲ့ပွဲမှာလည်း နိုင်ပွဲရရှိဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

Photo Cerdit:MFF

မြန်မာအသင်းဟာပြီးခဲ့တဲ့တာဂျစ်ကစ္စတန်နဲ့အသင်းမှာ၄ဂိုးထိရအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့်တိုက်စစ်အနေအထားကတော့အားရစရာပဲဖြစ်ပါတယ်။မွန်ဂိုလီးယားအသင်းနဲ့ပထမအကျော့တွေ့ဆုံးခဲ့တုန်းကလည်း မြန်မာအသင်းဟာခြေစွမ်းအသာနဲ့ကစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အိမ်ကွင်းမှာကစားမယ့်ပွဲစဉ်မှာမဖြစ်မနေအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

Photo Cerdit:MFF
Photo Cerdit:MFF

မြန်မာအသင်းရဲ့ပရိသတ်တွေကလည်း ဒီနေ့ပွဲမှာအနိုင်ရဖို့မျှော်လင့်နေတာဖြစ်တာကြောင့် ပရိသတ်တွေအားပေးမှုကလည်းအရေးပါနေတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာလည်း ဂိုးတွေသွင်းနိုင်ဖို့လိုအပ်နေတာကြောင့် ပရိသတ်ကြီးလည်းမြန်မာ့လက်ရွေးစင်အသင်းကိုအားပေးကြပါဦးနော်။

Photo Cerdit:MFF

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။