အိချောပို က ဂျာမန်သား မစ်ကီ နဲ့ ရိုက်မယ့်ရုပ်ရှင်မှာ ဧည့်လမ်းညွှန် မန္တလေးသူအဖြစ်သရုပ်ဆောင်မယ်လို့သိရပါတယ်။

Focus power production အတွက် ဒါရိုက်တာ မျိုးဇော်အောင်ရိုက်ကူးမယ့် ရုပ်ရှင်မှာ ဂျာမန်အဆိုတော် Mikis Weber ၊ အိချောပို နဲ့ ပိုင်ဖြိုးသု တို့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

လာမယ့်အောက်တိုဘာမှာ ရိုက်ကူးမယ့်မန္တလေး၊စစ်ကိုင်း၊မုံရွာနဲ့တောင်ကြီးမြို့တွေမှာ သွားရောက်ရိုက်ကူးသွားမှာဖြစ်ပြီး၊ဇာတ်လမ်းအမျိုးအစားအနေနဲ့ကတော့ဒရာမာအချစ်ဇာတ်လမ်း

အမျိုးအစားပဲဖြစ်ပါတယ်။

" ဒီကားမှာ အိချောက ဧည့်လမ်းညွှန် ကောင်မလေး တစ် ယောက်နေရာကသရုပ်ဆောင်ရမှာပါ၊

မန္တလေးသူပုံစံမျိုးလေးရိုးရိုးယဉ်ယဉ်လေးဝတ်ဆင်ပြီးသရုပ်ဆောင်ရမှာဖြစ်တဲ့အတွက်အဝတ်အစားတွေလည်းသေချာပြင်ဆင်ထားပါတယ်၊အိချောနေရာကတိုးဂိုက်တစ်ယောက်ဖြစ်တဲ့အတွက် အင်္ဂလိပ်လိုပြောရမယ့် ဇာတ်ဝင်ခန်းတွေလည်းများပါတယ်၊ဒီကားကိုလက်ခံဖြစ်တာကလည်းရိုက်မယ့် ဒါရိုက်တာကအိချောရဲ့ ဆရာလည်းဖြစ်တယ် ၊ ဆရာက အိချောတို့အမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာ တက္ကသိုလ် တက်တုန်းက သင်ပေးခဲ့တဲ့ ဆရာပါ၊ ဇာတ်လမ်းထဲက ကာရိုု်က်တာက ညီမနဲ့ လိုက်တယ် ၊ ရိုက်မလားဆိုပြီးဆရာကကမ်းလှမ်းခဲ့တဲ့အတွက်ရိုက်ဖြစ်ခဲ့တာပါ " လို့ အိချောပို ကဆိုပါတယ်။

ကဲပရိသတ်ကြီးရေ…စူစူကိုအားပေးကြရအောင်နော်….

Source: မဟာမီဒီယာ

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။