မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ပျော်ပျော်နေတတ်ပြီး အားလုံးပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေ ရိုက်ကူးတင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ ကျောင်းကပွဲမှာပါဝင်ဖျော်ဖြေခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးတွေက လူမှုကွန်ယက်မှာရေပန်းစားသွားပြီး လူသိများအောင်မြင်လာခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဖြူဖြူထွေးက သူမရဲ့အနုပညာနဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Amazing Grace

အနုပညာအရည်အချင်းရှိတဲ့ ဖြူဖြူထွေးက ကြော်ငြာနဲ့သီချင်းဗီဒီယိုလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖြူဖြူထွေးက ဝါရင့်အနုပညာရှင်တွေနဲ့အတူ " ရောသမမွှေ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ အခုတော့ ဖြူဖြူထွေးက သရုပ်ဆောင်ခင်လှိုင်နဲ့တွေ့ဆုံတုန်းမှာ ဟာသဗီဒီယိုလေးတွေ ရိုက်ကူးပြီး အတူတူ Tik Tok ဆော့ကစားခဲ့ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးနဲ့ ခင်လှိုင်တို့နှစ်ယောက်က နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကို အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်ပြီး အခွီပုံစံတွေလုပ်ပြထားကြတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်သားတွဲကရင်း ရယ်မောပျော်ရွှင်နေတဲ့ ဖြူဖြူထွေးတို့နှစ်ယောက်ရဲ့ဗီဒီယိုလေးကတော့ ကြည့်ရှုသူများပြားနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟာသမင်းသမီးလေး ဖြူဖြူထွေးနဲ့ ခင်လှိုင်တို့ရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Phyu Phyu Htwe's FB 

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။