ပရိသတ်ကြီးရေ မင်းသားချောပိုင်တံခွန်ကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားပြီး နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအထိပါ အောင်မြင်ကျော်ကြားပြီး အနုပညာအလုပ်တွေကို ခြေလှမ်းစိပ်စိပ်နဲ့လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။

Photo Credit: Htet Paing Ye
Photo Credit: Htet Paing Ye

ပိုင်တံခွန်ဟာဆိုရင် ထိုင်းမင်းသမီးချောတွေနဲ့ပါ ကြော်ငြာတွေအများအပြားရိုက်ကူးရပြီး ပရိသတ်တွေရဲ့အသည်းစွဲမင်းသားတစ်လက်ဖြစ်လာပါတယ်နော်။ပိုင်တံခွန်က မာန်မာနလည်းကင်းမဲ့ပြီး လူတိုင်းအပေါ်ဖော်ဖော်ရွေရွေဆက်ဆံတတ်လို့လည်း သူ့ရဲ့ပရိသတ်တွေကချစ်နေရတာပါ။တိရိစ္ဆာန်လေးတွေအပေါ်မှာလည်း ကြင်နာသနားတတ်လို့ ပိုင်တံခွန်ကို စိတ်ထားလေးနူးညံ့သူလို့သက်မှတ်လို့ရပါတယ်နော်။

Photo Credit: Htet Paing Ye
Photo Credit: Htet Paing Ye

လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ ပိုင်တံခွန်က ပရိသတ်တွေကအတွက် အမြဲတမ်းကြိုးစားနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရှေးခေတ်ဘုရင်မင်းမြတ်တွေ ဆင်မြန်းကြတဲ့ အဆင်တန်ဆာတွေကို ဝတ်ဆင်ထားကာ ခံ့ညားထည်ဝါတဲ့အသွင်အပြင်နဲ့ ပိုင်တံခွန်က"ကိုယ်‌တော် ကာကွယ်ပေးမယ် ဟုတ်ပြီလား"ဆိုပြီး ဗီဒီယိုဖိုင်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit: Htet Paing Ye
Photo Credit: Htet Paing Ye

Photo Credit:Paing Takhon's Facebook

Video Credit:Paing Takhon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။