ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ပရိသတ်တွေတခဲနက်အားပေးနေကြတဲ့ အဆိုတော်မလေး ဘီလီလမင်းအေးကလည်း အပါအဝင်ပါပဲနော်..။

အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ ဘီလီလမင်းအေးကတော့ သီချင်းကောင်းလေးတွေများစွာလည်း ထွက်ရှိထားပြီး ပရိသတ်တွေကိုအကြိုက်တွေ့စေသူလည်း ဖြစ်ပါတယ်..။


Photo Credit - Billy La Min Aye’s Facebook
Photo Credit - Billy La Min Aye’s Facebook

Myanmar Idol ပြိုင်ပွဲအစီအစဉ်ကနေ ပရိသတ်တွေရင်ထဲရောက်ရှိခဲ့ပြီး အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဘီလီလမင်းအေးကတော့ Myanmar Idol ပြိုင်ပွဲရဲ့ လက်ရှိအစီအစဉ်က အကောင်းဆုံး အတော်ဆုံးတစ်ယောက်ကို ရွေးချယ်ပေးပါလို့ ပရိသတ်တွေကို ပြောလာပါတယ်နော်..။

Myanmar Idol က မောင်နှမ(၁၁)ယောက်လုံးကို အားပေးသလို ပြိုင်ပွဲရက်တွေတိုင်းမှာ နယ်ရောက်နေတဲ့အတွက် အားလုံးနဲ့ အခုထိမတွေ့ရသေးပေမယ့် TV ကနေ အားပေးဖြစ်တဲ့အကြောင်းလေးကိုလည်း ပြောပြထားပါတယ်..။


Photo Credit - Billy La Min Aye’s Facebook
Photo Credit - Billy La Min Aye’s Facebook

Vote က တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးပြီး ဘယ်သူ့ကိုမှ မျက်နှာလိုက်ကာ Vote မပေးရသေးသလို အားလုံးက အားသာရာတွေကို ကြိုးစားနေကြတဲ့ မောင်နှမတွေဖြစ်တာမို့ အားလုံးကို အားပေးပြီး သူမအနေနဲ့ကတော့ ပရိသတ်ကြီးကပဲ အကောင်းဆုံး အတော်ဆုံးတစ်ယောက်ကို ရွေးချယ်ပြီး ဆုံးဖြတ်ပေးဖို့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Myanmar Idol နဲ့ ပတ်သက်ပြီးပြောပြထားသလို သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြထားတဲ့ ဘီလီလမင်းအေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Billy La Min Aye’s Facebook
Photo Credit - Billy La Min Aye’s Facebook

Photo Credit - Billy La Min Aye’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။