အသံပါဝါကောင်းကောင်း တေးသီချငိးကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေနဲ့ ချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ကတော့ အဆိုတော်လိမ္မော်သီးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ လိမ္မော်သီးကတော့ အရင်ခေတ်နဲ့ အခုခေတ်ပြောင်းလဲလာတဲ့ အနုပညာရေစီးကြောင်းလေးကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။


Photo Credit - Mi Mon Mon Thike’s Facebook
Photo Credit - Mi Mon Mon Thike’s Facebook

အခုခေတ်က အနုပညာသမားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေ ထတုပြရတာအရမ်းလွယ်သလို ကိုယ်ဘာလုပ်နိုင်လဲဆိုတာ ပရိသတ်တွေကိုချပြရတာလည်း အရမ်းလွယ်တယ်ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။

အရင်တုန်းက တီးဝိုင်းတွေမှာလိုက်ပြီး သီချင်းဆိုချင်တယ်ပြောရင်တောင်မှ လွယ်လွယ်နဲ့မရပဲ ခက်ခဲခဲ့ပြီး အခုခေတ်မှာတော့ အွန်လိုင်းတွေ မီဒီယာတွေအရမ်းကောင်းတဲ့အတွက် ကိုယ့်ရဲ့ဖေ့စ်ဘွတ်ကနေဖြစ်ဖြစ် ပေ့ချ်ထောင်ပြီးတော့ဖြစ်ဖြစ် လူသိအောင် လုပ်ရတာ အရမ်းလွယ်တဲ့ အပြောင်းအလဲလေးတွေ အကြောင်း ပြောပြထားတာပါ..။


Photo Credit - Mi Mon Mon Thike’s Facebook
Photo Credit - Mi Mon Mon Thike’s Facebook

ကိုယ်က ဒီအလုပ်ကို တကယ်ဝါသနာပါသလို ဘယ်လောက်ထိ တန်ဖိုးထားမလဲ ဘယ်လောက်ထိ ဇွဲရှိလဲ ဆိုတာပေါ် မူတည်ပြီးတော့ အချိန်တစ်ခုကြသလို အောင်မြင်ပြီးသားလူတွေမှာလည်း ဒီနေ့ဒီချိန်ထိ ရှိနေတယ်ဆိုတာ ကြိုးစားတယ် အလုပ်ကိုလည်း စေတနာထားတယ် ချစ်တယ် အရည်အချင်းလည်း ရှိတယ်ဆိုရင် ဘယ်နေရာမှာမဆို ရေရှည်တည်မြဲတယ်ဆိုပြီးတော့လည်း လိမ္မော်သီးက ပြောပြထားပါသေးတယ်..။

ဒီဇင်ဘာအစပိုင်းလောက်မှာ သူမရဲ့အခွေအသစ်ထွက်မှာဖြစ်ပြီး သုံးခွေမြောက် သီချင်းခွေလေးဖြစ်သလို သေချာလေးလည်း လုပ်ထားတဲ့အတွက် ပရိသတ်တွေကြိုက်လိမ့်မယ်လို့ မျှော်လင့်ထားတယ်ဆိုပြီးတော့လည်း သူမရဲ့အခွေအသစ်လေးထွက်ရှိမယ့် အကြောင်းလေးကိုလည်း ပြောပြထားတဲ့ လိမ္မော်သီးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit - Mi Mon Mon Thike’s Facebook
Photo Credit - Mi Mon Mon Thike’s Facebook

Photo Credit - Mi Mon Mon Thike’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။