ပန်းနုရောင်နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေမယ့် ရိုးရှင်းတဲ့သဘာဝနည်းလမ်းများ

ပရိသတ်ကြီးရေ နှုတ်ခမ်းသားလေးတွေ အစိုဓါတ်ပြည့်ဝပြီး သဘာဝအတိုင်း ပန်းရောင်သန်းလှပစေမယ့် နည်းလမ်းလေးတွေကတော့

ရိုးရှင်းလွယ်ကူလှပါတယ်။ အဲ့ဒါတွေကတော့…

- သကြား၊ ပျားရည်နဲ ့ အုန်းဆီကို ရောစပ်ပြီး ရလာတဲ့ အရောအနှောကို နှုတ်ခမ်းသားဂျီးချွတ်ဖို ့အတွက် အသုံးပြုပေးပါ။

- ကိုးကိုးထောပတ််၊ အုန်းဆီနဲ ့သံလွင်ဆီတို ့ဟာလည်း နှုတ်ခမ်းသားကို စိုပြည်စေတဲ့ သဘာဝပစ္စည်းလေးတွေဖြစ်ပါတယ်။

- သံလွင်ဆီနဲ ့ဗာဒံဆီကိုတော့ အိပ်ရာမဝင်ခင်မှာ တစ်နေ ့လုံးဆိုးထားတဲ့ နှုတ်ခမ်းနီလေးတွေ စင်ကြယ်သွားအောင်ဖျက်တဲ့အခါမှာသုံးပေးနိုင်ပါတယ်။

- နှုတ်ခမ်းသားလေးတွေ အစိုဓါတ်ပြည့်ဝအောင်စားသင့်တာကတော့ ဖရဲသီး၊ ခရမ်းချဉ်သီး နဲ ့သခွားသီးတို ့ပဲ ဖြစ်ပါတယ်။

- သလဲသီးအစေ့ကို ကြိတ်ချေကာ အနှစ်ဖြစ်အောင်ပြုလုပ်ပြီး နှုတ်ခမ်းသားလေးတွေတောက်ပစေဖို ့အသုံးပြုပေးပါ။

- နှုတ်ခမ်းသားအရောင်မညီတာကို ဖယ်ရှားပေးနိုင်ဖို ့အတွက်တော ့နနွင်းမှုန် ့နဲ ့နွားနို် ့ကို ရောစပ်ပြီး အသုံးပြုပေးပါ။

- နိုကိုဥအရည်ကိုလည်း နှုတ်ခမ်းသားလေးနီထွေးနေစေဖို ့အသုံးပြုပေးနို်င်ပါတယ်။

- နောက်ဆုံးတစ်နည်းကတော့ နှင်းဆီပန်းရဲ ့ပွင့်ဖတ်လေးတွေကို ကြိတ်ချေပြီး နှုတ်ခမ်းသားပေါ်ကို သုတ်လိမ်းပေးပါကလည်း သဘာဝကျကျနဲ ့လှပနေတဲ့ ပန်းနုရောင်နှုတ်ခမ်းလေးကို တွေ ့မြင်နိုင်မှာပါ။

ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးတဲ့အပြင် နှုတ်ခမ်းသားကို နေရောင်ခြည်ထိတွေ ့မှုက တတ်နို်င်သမျှရှောင်ပြီး SPF (Sun Protection Factor) ပါတဲ့ Lip Balm ကို ဆိုးပေးပါ။ နှူတ်ခမ်းကို လျှာနဲ ့လျက်တာကလည်း နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ ့စေတဲ့အတွက် ထိုကဲ့သို ့ပြုလုပ်ခြင်းကို ရှောင်ရှားပေးရပါမယ်။ ဆေးလိပ်သောက်ခြင်းကိုလည်း ဖြတ်တောက်ပြီး နေ ့စဉ် ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်ပေးပါက မကြာခင်မှာ အစိုဓါတ်ပြည့်ဝပြီး ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းတစ်စုံကို တွေ ့မြင်နို်င်မှာဖြစ်ပါတယ်။ 

Source:wikihow

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။