Gamer တွေအကုန် Fighting Game အမျိုးအစားတွေဆော့ကြတဲ့ သူတိုင်း အားပါတရ ဆော့ရတာကို နှစ်သက်ကြမှာပါ။ Fighting Game ဆိုမှတော့ အားပါးတရ ဆော့မှ အရသာကို ပီပီခံစားရမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင်လဲ အားပါပါ ဆော့ရတဲ့ Fighting Game တွေရှိနေကြပြီဖြစ်ပါတယ်။ Mortal Kombat တို့ Taken တို့စသဖြင့် Fighter Game များစွာရှိပါတယ်။ ခုဆိုရင်တော့ အဲ့လိုအားပါပါဆော့လို့ကောင်းတဲ့ Game တစ်ခုဖြစ်တဲ့ Street Fighter V ကိုဖော်ပြသွားမှာဖြစ်ပါတယ်။  

Street Fighter V ဟာဆိုရင်တော့ Capcom ကထွက်ရှိတယ်ဆိုတာကို Game ထဲဝင်တာနဲ့ သိရှိကြမှာဖြစ်ပါတယ်။ Capcom ဟာဆိုရင်တော့ Game လောကမှာ နာမည်ကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ Japan ပိုင်ဆိုတာကိုလဲ Gamer တိုင်းလိုလိုသိရှိကြမှာပါ။ Japan ထုတ် Game ဆိုတော့ ဆော့ရတာ တော်တော်လေးကို ကောင်းတဲ့ Game ပါပဲ။ ပြောရမယ်ဆိုရင် Japan ထုတ် Game တော်တော်များများက တခြားနိုင်ငံတွေထုတ်တာထက် ပိုဆော့လို့ကောင်းပါတယ်။  

Street Fighter V ကိုကစားနိုင်တဲ့အမျိုးအစားတွေကတော့ PlayStation 4, Microsoft Windows နဲ့ Arcade တို့မှာ ဆော့ကစားနိုင်ပါတယ်။ ဒီ Game ကိုတစ်ယောက်ထဲ ဆော့လဲရသလို နှစ်ယောက်ဆော့လဲရပါတယ်။ Game ကိုဆော့မယ်ဆိုရင်တော့ Game ခလုတ်ရှိရင် ပိုဆော့လို့ကောင်းစေမှာပါ။ သင့်ကွန်ပျူတာ ခလုတ်တွေမပျက်စီးစေဖို့ Game Keyboard နဲ့ဖြစ်ဖြစ် Game ခလုတ်နဲ့ဖြစ်ဖြစ်ဆော့တာက အကောင်းဆုံးပါ။ Game က ခလုတ်ပေါင်းစုံကို အမြန်နှိပ်နေရတာဆိုတော့ Key ကွက်တွေ အပြင်ကို ကျွတ်မထွက်အောင် ပြုလုပ်ရမှာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ ဒီ Game ကိုဆော့ရင်တော့ ထိုးချက်တွေ အားပါတာကို ကိုယ်တိုင်ခံစားရမှာဖြစ်ပါတယ်။ ဆော့လို့ကောင်းစေမဲ့ Game ပါ။  

တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေနဲ့ စိန်ခေါ်ဆော့နိုင်သလို ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲ ကွန်ပျူတာတွေနဲ့ဆော့လဲရပါတယ်။ တကယ်လို့ တစ်ကမ္ဘာလုံးကသူတွေနဲ့ဆော့ရင်တော့ ကိုယ့်ရဲ့အဆင့်တွေက နိုင်တာရှုံးတာအပေါ် ပြောင်းလဲပြီးရင်ပြောင်းလဲမှာပါ။ ကိုယ်ဆိမှာတော့ Hero 16 ကောင်ကို အစကတည်းက ပိုင်ဆိုင်ထားမှာဖြစ်ပြီး ကျန်တာတွေကတော့ ဝယ်ရမှာဖြစ်ပါတယ်။ Fighter Game ကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ဒီ Game ဟာ ဆော့လို့ကောင်းမဲ့ Game တစ်ခုဖြစ်တာမို့ ပရိသတ်ကြီးလဲ ဆော့ကြည့်ပြီး အရသာကို ခံစားကြည့်ပါအုန်း။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။