ပရိသတ်ကြီးရေ.. လွန်ခဲ့တဲ့နှစ်နှစ်နီးပါးက ကွယ်လွန်သွားခဲ့ပြီး ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောစေခဲ့တဲ့ သရုပ်ဆောင်အောင်ရဲထွေးကိုတော့ ပရိသတ်တွေ ယနေ့အချိန်ထိ သတိရအောက်မေ့နေကြဦးမှာပါနော်..။

ရယ်စရာဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို စိတ်အပန်းပြေစေခဲ့တဲ့ အောင်ရဲထွေးကတော့ သူမကွယ်လွန်ခင် ဇာတ်ကားတွေရိုက်ကူးကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ “ကြိုးဖုန်း” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်..။


Photo Credit - Aung Yell Htwe’s Facebook
Photo Credit - Aung Yell Htwe’s Facebook

အောင်ရဲထွေးနဲ့အတူ ဇာတ်ကားအတူရိုက်ကူးခဲ့ကြတဲ့ ဖြိုးငွေစိုး၊ အဆိုတော်ရဲနောင်နဲ့ ဒါရိုက်တာအာကာတို့ကလည်း “ကြိုးဖုန်း” ဇာတ်ကားလေးကို ပြန်ကြည့်ရင်း အောင်ရဲထွေးကို အရမ်းသတိရနေကြပြီး အောင်ရဲထွေးနဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်..။

သရုပ်ဆောင်အရမ်းရူးသွပ်ပြီး အနုပညာဝါသနာကြီးတဲ့ အောင်ရဲထွေးနဲ့ ဇာတ်ကားအတူရိုက်ရင်း စနောက်ကာ ပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရလေးတွေအကြောင်းကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ်..။


Photo by Myanmarload
Photo by Myanmarload

“သူကအရမ်းကောင်းတယ် သူစိတ်ပူတာ ဒီကားလေးထွက်လာရင် အစ်ကို ကျွန်တော် အစ်ကိုတို့ကြားထဲမှာ ဘယ်လိုဖြစ်နေမလဲဆိုပြီးမေးတဲ့ အောင်ရဲထွေးကို ဘယ်လိုဖြစ်နေလဲမဆိုတော့ ငါတို့ကြားထဲမှာ မင်းကသေးသေးလေး နမူနာလေးပေါ့ကွာဆိုပြီး ခဏခဏနောက်တယ်” ဆိုပြီး စနောက်ခဲ့ကြတဲ့ အမှတ်တရလေးတွေကို သတိတရ ပြောပြထားတာပါ..။

“သရုပ်ဆောင်တာ တော်တော်လေးကို ရူးသွပ်တယ် သူသရုပ်ဆောင်ကောင်းချင်တယ်ပေါ့ ဦးကျော်ထူးနဲ့ ကျွန်တော်တို့ရိုက်တာမျိုးကိုလည်း သူအရမ်းအားကျတယ် အဲ့လိုမျိုးအရမ်းလုပ်ချင်တယ် အတူတူလုပ်မယ့် အကြောင်းလေးတွေ တော်တော်များများ ပြောထားဆိုထားတာ ပြန်တွေ့ရတော့ တကယ် မဟုတ်သလိုပဲ..” ဆိုပြီး ဝမ်းနည်းစိတ်မကောင်းစွာ ပြောပြထားတဲ့ ဖြိုးငွေစိုးတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo by Myanmarload
Photo by Myanmarload

Photo Credit - Aung Yell Htwe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။