ပရိသတ်ကြီးရေ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ အဆိုတော်သားဂန်းနဲ့ နှစ်ကိုယ်တူမေတ္တာမျှနေကြပြီး ကြည်နူးစရာချစ်သူဘဝလေးကို ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ဘေဘီမောင်နဲ့သားဂန်းတို့နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြလို့ အပြန်အလှန်နားလည်မှုအပြည့်ပေးပြီး တတ်နိုင်တဲ့ဘက်ကနေကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Baby Maung's Facebook
Photo Credit: Baby Maung's Facebook
Photo Credit: Baby Maung's Facebook

ဘေဘီမောင်ကလည်း သားဂန်းအပေါ် တစ်ခါတစ်လေချွဲနွဲ့တတ်ပြီး ချစ်စရာအပြုအမူလေးတွေကြောင့် သားဂန်းက ချစ်မဝဖြစ်နေရတာဖြစ်ပါတယ်။ဘေဘီမောင်ကတော့ အကြီးပီပီ သားဂန်းကို ဆိုဆုံးမပေးပြီး အမတစ်ယောက်လိုလည်းဂရုစိုက်ပေးတတ်ပါတယ်။လက်တလောမှာလည်း ဘေဘီမောင်နဲ့သားဂန်းတို့နှစ်ယောက်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေကြတာပါနော်။

Photo Credit: Baby Maung's Facebook
Photo Credit: Baby Maung's Facebook
Photo Credit: Baby Maung's Facebook

ဘေဘီမောင်ကတော့ ချစ်သူသားဂန်းကစိတ်ချမ်းသာအောင်ထားတာကြောင့် တစ်နေ့တစ်ခြားပိုပိုလှလာတာဖြစ်ပါတယ်။ခေါင်းအစခြေအဆုံး အပြစ်ပြောစရာတစ်နေရာမှမရှိအောင် နုပျိုလှပနေတာပါနော်။အခုဆိုရင်လည်း ဘေဘီမောင်က ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကူးနေပြီး ရေသူမလေးတစ်ယောက်လို အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit: Baby Maung's Facebook
Photo Credit: Baby Maung's Facebook
Photo Credit: Baby Maung's Facebook

Photo Credit: Baby Maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။